အာဝုလေးတွေ နဲ့ မီးဖိုချောင်ထဲက အမှိုက်ပုံး အန္တရာယ်

အာဝုလေးတွေ နဲ့ မီးဖိုချောင်ထဲက အမှိုက်ပုံး အန္တရာယ်
Photo by Jack Plant / Unsplash

အစာတွေစုပုံနေတဲ့ မီးဖိုချောင်ထဲက အမှိုက်ပုံးက ခွေးလေးတွေအတွက် စပ်စုချင်စရာ အစာခွက်ကြီးတစ်ခုပါ။ ဒါပေမယ့်လည်း အဲ့ဒီထဲက မတည့်တဲ့ အစာတွေကို စားမိပြီဆိုရင်တော့ အန္တရာယ်အကြီးကြီး ပေးနိုင်ပါတယ်။ မတည့်တဲ့ အစာ၊ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ လည်ချောင်းမှာ တစ်ပြီးနင်စေမယ့် အစာတွေဟာ ခွေးလေးအတွက် အသက်ကိုတောင် အန္တရာယ်ပေးနိုင်တာမို့ မီးဖို့ချောင် အမှိုက်ပုံးက ပေးနိုင်တဲ့ အန္တရာယ်တွေကို သိထားဖို့ အရေးကြီးတယ်နော်။

မီးဖိုချောင် အမှိုက်ပုံးက ဘယ်လို အန္တရာယ်တွေ ပေးနိုင်လဲ?

ခွေးလေးတွေနဲ့ မတည့်တဲ့ အစာတချို့ကို စားမိရင် အစာအဆိပ်သင့်တာ၊ အော့အန်တာ အပြင် အသက်ကိုတောင် အန္တရာယ်ပေးနိုင်ပါတယ်။ 

1). ချောကလက်: သီရိုဘရိုမင်းပါတဲ့ ချောကလက်က ခွေးတွေအတွက် အဆိပ်ဖြစ်စေနိုင်ပြီး အန်တာ၊ ဝမ်းလျှောတာ၊ လေဖြတ်တာ အပြင် သေတဲ့အထိပါ ဖြစ်နိုင်ပါတယ်။

2) စပျစ်သီး : စပျစ်သီးနဲ့ စပျစ်သီးခြောက် တွေက ခွေးတွေကို ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။ နည်းနည်းလေး စားမိရင်တောင် အန္တရာယ်ဖြစ်နိုင်တာမို့ မစားမိအောင် သတိထားဖို့ အလွန်အရေးကြီးပါတယ်။

3). ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ : ကြက်သွန်အနီနဲ့ အဖြူဟာ ခွေးတွေရဲ့ သွေးနီဥကို ပျက်စီးစေပြီး သွေးအားနည်းစေပါတယ်။

4). ထောပတ်သီး : ပါဆင်လို့ခေါ်တဲ့ မှိုဓာတ်မျိုးပါတဲ့ ထောပတ်သီးဟာ ခွေးတွေစားမိရင် အန်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်စေပါတယ်။

5). အရက် : အယ်လ်ကိုဟောပါတဲ့ ဘယ်အရည်မဆို သောက်မိရင် ခွေးတွေအတွက် အဆိပ်ဖြစ်စေပြီး အသည်းပျက်စီးပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

6). ပုပ်သိုး၊ မှိုတက်နေတဲ့ အစာတွေ: ခွေးတွေက ပုပ်သိုးနေတဲ့ အစာတွေကို စားချင်တတ်ကြပါတယ်။ မီးဖိုချောင် အမှိုက်ပုံးက ဒီလို ပုပ်သိုး မှိုတက်နေတာတွေ စားမိရင် အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပြီး လေဖြတ်တာ၊ ကတုန်ကရင် ဖြစ်တာနဲ့ အခြား အာရုံကြောနဲ့ ဆိုင်တဲ့ ပြဿနာတွေ အများကြီး သယ်ဆောင်လာပေးပါတယ်။

7). ရှတဲ့ပစ္စည်းတွေ : ဖန်ကွဲစ၊ အရိုး၊ ဒါမှမဟုတ် သတ္တုပစ္စည်းတွေ မြိုချမိရင် လည်ချောင်းစူးတာ၊ နင်တာ၊ အစာအိမ်ထဲမှာ အနာဖြစ်တာတွေ ဖြစ်စေပါတယ်။ ဒီလိုမျိုး ရှတဲ့အရာတွေဟာ ပါးစပ်၊ လည်ချောင်း၊ ဗိုက််ထဲမှာ ရှရာတွေဖြစ်စေနိုင်ပြီး ချက်ချင်း လက္ခဏာမပြပေမယ့် ကြာလာတဲ့အခါ အသက်ကိုတောင် အန္တရာယ်ပေးနိုင်ပါတယ်။

8). ပလတ်စတစ်ပစ္စည်းများ : ပလတ်စတစ်အိတ်နဲ့ အခြား ပလတစ်စတစ်ပစ္စည်းတွေဟာ မီးဖိုချောင် အမှိုက်ပုံးထဲမှာ အတွေ့ရအများဆုံးအရာတွေပါ။ ဒါတွေကို စားမိရင် လည်ချောင်းမှာ တစ်နိုင်ပြီး တကယ်လို့ ဗိုက်ထဲရောက်သွားတယ်ဆိုရင်တောင် အူလမ်းကြောင်းမှာ ပိတ်ဆို့နိုင်ပြီး ခွဲစိတ်မှုနဲ့သာ ကုသနိုင်တဲ့ အခြေအနေမျိုး ဖြစ်စေပါတယ်။

9). အစာမဟုတ်တဲ့ အခြားအရာတွေ : မီးဖိုချောင်သန့်ရှင်းရေး ပစ္စည်းတွေ၊ ဆေး၊ ပန်းကန်ဆေးဖော့၊ ကြိုး၊ တစ်ရှူး စတာတွေဟာလည်း ခွေးတွေအတွက် မြိုချမိရင် အဆိပ်ဖြစ်စေတာမို့ အစာချေတဲ့အဆင့်ထိ ရောက်သွားရင် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

မီးဖိုချောင် အမှိုက်ထဲက မတည့်တာ တစ်ခုခုစားမိပြီဆိုရင် ဒီလို လက္ခဏာတွေ ပြတတ်ပါတယ်။

စားမိတဲ့ အစာပေါ်မူတည်ပြီး ပြတဲ့ လ္ခဏာတွေ ကွဲတတ်ပါတယ်။ အဲ့ထဲမှာမှ တူညီပြီး အဖြစ်များတဲ့ လက္ခဏာတွေကတော့

- အန်မယ်၊ ဝမ်းလျှောမယ်

- ပုံမှန်ထက် သွားရည်တွေကျနေမယ်

- အစာမစားတော့ဘူး

- ဗိုက်အောင့်ဗိုက်နာဖြစ်လို့ ညည်းနေတာ၊ ဂဏှာမငြိမ်ဖြစ်နေတာ၊ ကုပ်ကုပ်လေးနေနေတာ

- အားမရှိဘဲ ပန်းနေတာ စတာတွေဖြစ်ပါတယ်။

-  တခါတလေ တုန်တုန်ယင်ယင်ဖြစ်တာ၊ ရုတ်တရက် လေဖြတ်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

ဒီလို လက္ခဏာတွေ ပြနေပြီဆိုရင် ဆရာဝန်ဆီ အမြန်ဆုံးပြေးဖို့ အရေးကြီးတယ်နော်!!!

ဒါဆိုရင် အာဝုတို့ မီးဖိုချောင် အမှိုက်တွေ မစားမိအောင် ဘယ်လိုကာကွယ်မလဲ?

1). ခွေးတွေ အလွယ်တကူ မဖွင့်နိုင်တဲ့ အမှိုက်ပုံးမျိုး ဝယ်သုံးစေချင်ပါတယ်။ အဖုံးက ကျပ်ပြီး လုံခြုံမှုရှိတယ်ဆိုရင် စားမိဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ တချို့ အိမ်မွေးတိတွေအလွယ်တကူ မဖွင့်နိုင်အောင် သီးသန့်ထုတ်ထားတဲ့ အမှိုက်ပုံးတွေလည်း ရှိတာမို့ အဲ့လိုအမျိုးအစားမျိုး ရှာဝယ်စေချင်ပါတယ်နော်။

2). ချောကလက်၊ ကြက်သွန်နီ၊ အစာဟောင်းစတဲ့ အပေါ်မှာ ဖော်ပြခဲ့တဲ့ ခွေးတွေနဲ့ မတည့်တာတွေ လွှင့်ပစ်တဲ့အခါ သေချာထုပ်ပိုးပြီး ဂရုတစိုက် စွန့်ပစ်နိုင်ပါတယ်။ အမှိုက်ပုံးနှစ်ခုထားပြီး သူတို့ အလွယ်တကူ ဖွလို့မရတဲ့နေရာမှာထားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

3). ခွေးလေးကို ဒီလိုအစာတွေမစားရဘူး၊ အမှိုက်ပုံးကို မဖွရဘူးဆိုတာကို သိအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ “no” ဒါမှမဟုတ်“ချ” စတဲ့ လွယ်ကူတဲ့ စကားလုံးတွေ အသုံးပြုပြီး စားလို့မရဘူးဆိုတာကို သိအောင် လေ့ကျင့်ပေးလို့ရပါတယ်နော်။ စကားနားထောင်တဲ့အခါ မုန့်ကျွေးတာ၊ ကိုယ်ကိုသပ်ပေးတာ၊ ချီးကျူးစကားပြောပေးတာမျိုးကလည်း သူတို့လေးတွေကို အများကြီး အကူအညီဖြစ်စေမှာပါ။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ