ဟမ်းစတားနဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ အန္တရာယ်

ဟမ်းစတားနဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ အန္တရာယ်
Photo by Ricky Kharawala / Unsplash

တစ်ဆင့်ခံ ဆေးလိပ်ငွေ့က လူတွေကို ရောဂါတွေဖြစ်စေနိုင်တာ အားလုံးသိကြမှာပါ။ ဒါဆိုရင် အိမ်မွေးတိတွေရှူမိရင်ရော အန္တရာယ်ရှိနိုင်လားဆိုတာ မေးခွန်းထုတ်စရာဖြစ််လာပါတယ်။ အိမ်မွေးတိဆိုတဲ့နေရာမှာ ခွေးနဲ့ကြောင်တွေလို အကောင်ကြီးတွေအပြင် ဟမ်းစတားလို အကောင်သေးမျိုးတွေအတွက်လည်း စဥ်းစားဖို့လိုပါတယ်။ ဟမ်းစတားတွေဟာ အကောင်သေးပြီး အသက်ရှူလမ်းကြောင်းလည်း နုနယ်တဲ့ တိတွေဖြစ်တာကြောင့် ဆေးလိပ်ငွေ့ရှူမိရင် ကျန်းမာရေးပြဿနာတွေအပြင် စောစောသေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။

ဆေးလိပ်ငွေ့မှာ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုဒ်နဲ့ ကပ်တရာစေး စတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ အဲ့ဒီဓာတ်တွေက လေထဲကတစ်ဆင့် ဟမ်းစတားရဲ့ လှောင်အိမ်၊ အိပ်ရာနဲ့ အစာတွေပေါ်မှာ တွယ်ကပ်နိုင်ပြီး ခန္ဓာကိုယ်ထဲ ဝင်နိုင်ပါတယ်။ ဟမ်းစတားတွေဟာ အရွယ်အစားသေးပြီး အသက်ရှူမြန်တာကြောင့် ခန္ဓာကိုယ်ထဲ လေပိုဝင်တာမို့ အဆိပ်ဖြစ်စေတဲ့ ဆေးလိပ်ငွေ့ကို တခြားအကောင်ကြီးတဲ့ တိတွေထက် ပိုရှူမိတတ်ကြပါတယ်။

ဒီလို ဆေးလိပ်ငွေ့တွေက ခန္ဓာကိုယ်ထဲ ရောက်သွားပြီဆိုရင် 

  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်နိုင်ပါတယ်။ ဟမ်းစတားတွေက နုနယ်တဲ့ အသက်ရှူလမ်းကြောင်းရှိတာကြောင့် ဆေးလိပ်ငွေ့ရှူတာ ကြာလာရင် အဆုတ်ရောင် နမိုးနီးယားလို ဖြစ်နိုင်ပြီး အကောင်သေးပြီး ခံနိုင်ရည်မရှိတာကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ်။
  • အသက်ရှူရခက်တာ၊ တရွှီးရွှီးမြည်တာ၊ ချောင်းဆိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်။
  • လူတွေနဲ့ အခြားတိတွေလိုပဲ ဆေးလိပ်ငွေ့ကြောင့် ကင်ဆာဖြစ်နိုင်ခြေလည်း ပိုများပါတယ်။ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ကိုထိခိုက်နိုင်ပြီး အနာဖြစ်တာ အပြင် အခြားရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။
  • ဆေးလိပ်ငွေ့နဲ့ ထိတွေ့လေ့ရှိတဲ့ ဟမ်းစတားတွေဟာ ကိုယ်ခံအား အားနည်းနိုင်ပြီး ပိုးဝင်ခြင်းနဲ့ အခြားရောဂါတွေ ပိုဖြစ်လွယ်ပါတယ်။ ဒီလို ခုခံအားနည်းခဲ့အခါ သာမန်ဖျားနာတာမျိုးကိုတောင် မကာကွယ်နိုင်တော့ဘဲ သက်တမ်းတိုတာမျိုးအထိ ဖြစ်နိုင်ပါတယ်။
  • နီကိုတင်းနဲ့ အခြား အဆိပ်အတောက်တွေက အသက်ရှူနှုန်းကို မြင့်တက်စေနိုင်ပြီး သွေးတိုးတာ၊ နှလုံးရောဂါထတာမျိုးအထိ ဖြစ်နိုင်ပါတယ်။
  • ဆေးလိပ်ငွေ့တွေကပ်နေတဲ့ လှောင်အိမ်၊ အိပ်ရာခင်းနဲ့ အရုပ်တွေကနေ တစ်ဆင့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေ ဝင်သွားတယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အခြား ကျန်းမာရေးပြဿနာတွေပါ ဖြစ်နိုင်ပါတယ်။

ဒီလို ဆေးလိပ်ငွေ့ကြောင့် ဟမ်းစတားမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်နေပြီဆိုရင် 

  • အသက်ရှူရခက်တာ၊ ရင်ဘတ်မှာ တရွှီးရွှီးမြည်နေတာ
  • အရင်ကလောက် မလှုပ်ရှားတော့တာ၊ အရမ်းငြိမ်နေတာ
  • နှာချေ၊ ချောင်းဆိုးတာ
  • အစာမစားတော့တာ
  • နှာရည်နဲ့ မျက်ရည်တွေကျတာ
  • အသက်ရှူလမ်းကြောင်း မကြာခဏပိုးဝင်တာ စတဲ့ လက္ခဏာတွေ ပြလာမှာဖြစ်ပါတယ်။

ဒီလိုမျိုး သံသယဖြစ်စရာ လက္ခဏာတွေ ပြတာနဲ့ ချက်ချင်း ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ ဟမ်းစတားလိုမျိုး အကောင်သေးသေးတွေအတွက် ရိုးရိုး အသက်ရှူလမ်းကြောင်းပိုးဝင်မျိုးကတောင် အန္တရာယ်ရှိနိုင်လို့ပါ။ 

ဒါ့ကြောင့် အိမ်မှာ ဟမ်းစတားမွေးထားတယ်ဆိုရင် အတတ်နိုင်ဆုံး ဆေးလိပ်ငွေ့နဲ့ မထိတွေ့အောင် ထားဖို့ အရေးကြီးပါတယ်။ အိမ်မှာ ဆေးလိပ်သောက်သူ ရှိတယ်ဆိုရင် ဆေးလိပ်သောက်ဖို့ နေရာသတ်သတ်ထားတာ၊ အပြင်မှာပဲ ထွက်သောက်တာ၊ ဆေးလိပ်သောက်ထားတဲ့ အဝတ်အစား၊ လက်တွေနဲ့ ဟမ်းစတားကို မကိုင်တာ၊ ဆေးလိပ်သောက်သောက်ပြီးချင်း ဟမ်းစတားရှိတဲ့ အခန်းထဲမဝင်တာ၊ မကြာခဏ အိမ်နဲ့ ဟမ်းစတားရဲ့ အခန်းနဲ့ အသုံးအဆောင်တွေကို သန့်ရှင်းရေးလုပ်တာမျိုးနဲ့ မဖြစ်ခင်ကာကွယ်နိုင်ပါတယ်။

လူတွေအတွက်တောင် အန္တရာယ်ဖြစ်စေတဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့က ဟမ်းစတားလိုမျိုး အကောင်သေးပြီး နုနယ်တဲ့ တိတွေမှာဆို ပိုပြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါ့ကြောင့် အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း လိုက်လုပ်ကြည့်ပြီး ဟမ်းစတားတွေအတွက် ဆေးလိပ်ငွေ့ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးလိုက်ရအောင်နော်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ