ကြောင်လေးကို ငယ်စဉ်မှာ ဒီလို လေ့ကျင့်ပေးပါ

ကြောင်လေးကို ငယ်စဉ်မှာ ဒီလို လေ့ကျင့်ပေးပါ
Photo by Q'AILA / Unsplash

ကြောင်လေးတွေ ပျော်ရွှင်ပြီး ယုံကြည်မှုရှိဖို့ ပတ်ဝန်းကျင်နဲ့ တရင်းတနှီး ဖြစ်စေဖို့ ငယ်ငယ်တည်းက အလေ့အကျင့် လုပ်ပေးသင့်ပါတယ်။ ဒီလိုပေးခြင်းဖြင့် လူတွေ၊ အခြားတိတွေ၊ ပတ်ဝန်းကျင်အသစ်တွေမှာ သက်တောင့်သက်တာဖြစ်ပြီး စိုးရိမ်စိတ်၊ စိတ်ဖိစီးမှုနဲ့ ရန်လိုမှုတွေ မရှိမှာပါ။ ဒါ့ကြောင့် ကြောင်တွေ ပတ်ဝန်းကျင်နဲ့ ရင်းနှီးမှုရှိဖို့ ဘယ်လိုလုပ်ပေးသင့်လဲဆိုတာ တိချစ်သူတို့အတွက် တစ်ဆင့်ချင်းစီ ဖော်ပြပေးချင်ပါတယ်။

အဆင့် (၁) - ငယ်စဥ်တည်းက အလေ့အကျင့်လုပ်ပါ

ကြောင်လေးတွေ အသက် (၂) ပတ်ကနေ (၇)ပတ်အတွင်းမှာ စဖို့ အသင့်တော်ဆုံးပါပဲ။ စစချင်းမှာ ညင်ညင်သာသာ ကိုင်တွယ်တာ၊ ပွတ်သပ်ပေးတာမျိုးလုပေးနိုင်ပြီး မကြာမကြာထိတွေ့ပေးတာက လူတွေနဲ့ ထိတွေ့ခြင်းကို မစိမ်းတော့ဘဲ နောက်ပိုင်းသူစိမ်းကြောက်တာမျိုး ဖြစ်ဖို့လည်း နည်းသွားပါတယ်။ အိမ်မှာရှိတဲ့လူအစုံနဲ့ တစ်ယောက်ချင်း ရင်းနှီးစေတာကလည်း သူတို့ကြီးလာတဲ့အခါ ဘယ်လိုအသက်အရွယ် ကျားမ မဆို လူတွေနဲ့ ထိတွေ့ဆက်ဆံရတာ သက်တောင့်သက်သာဖြစ်စေမှာပါ။

အဆင့် (၂) - အိမ်မှာ ကြားနေကျ အသံတွေနဲ့ ရင်းနှီးပါစေ

စစချင်းမှာတော့ ညင်သာတဲ့ အသံမျိုး ဥပမာ - စကားပြောတာ၊ သီချင်းအေးအေးတွေ ဖွင့်တာ၊ သီချင်းညည်းတာ စတဲ့ အသံမျိုးတွေနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ နောက်ပိုင်းသူတို့ အဲ့လိုအသံတွေနဲ့ အသားကျလာပြီဆိုရင် ဖုန်စုပ်စက်သံ၊ အအေးဖျော်စက်၊ လူခေါ်ခေါင်းလောင်းသံ စတဲ့ ပိုကျယ်တဲ့ အသံတွေကြားဖို့ အချိန်ကျပါပြီ။ ဒါမှာသာ နေ့တိုင်းလိုလို ကြားနေရမယ့် အသံတွေနဲ့ ရင်းနှီးမှာဖြစ်ပြီး အသံတစ်ခုခုကြားတိုင်း ကြောက်စိတ်နဲ့ စိုးရိမ်စိတ် မများနေစေမှာပါ

အဆင့် (၃) - များများ ဆော့ကစားပါစေ

ငှက်မွေး၊ ဘောလုံး စတဲ့ အရုပ်၊ ကစားစရာတွေနဲ့ ကစားစေတာက ကြောင်လေးရဲ့ ယုံကြည်မှုကို တိုးစေပါတယ်။ ပိုင်ရှင်က လိုက်အတူကစားပေးခြင်းဖြင့်လည်း သခင်နဲ့ ရင်းနှီးမှုကို အားပေးရာ ရောက်ပါတယ်။

ပုံစံ၊ လုပ်ထားတဲ့ ပစ္စည်းနဲ့ ထွက်တဲ့အသံမတူညီတဲ့ အရုပ်တွေကလည်း သူတို့ရဲ့ သိချင်စိတ်ကို တိုးစေပြီး ပစ္စည်းအသစ်တွေနဲ့ အသားကျဖို့ အထောက်အကူဖြစ်စေပါတယ်နော်။

ဒါပေမယ့် လူခြေထောက်နဲ့ လက်တွေကို ကုတ်စရာ ကိုက်စရာအဖြစ် ပေးဆော့တာမျိုးကိုတော့ ရှောင်စေချင်ပါတယ။ လူကို ကုတ်စရာ ကိုက်စရာလို့ မြင်တတ်သွားပြီး ကြီးတဲ့အထိ အဲ့လိုအကျင့်မျိုး ပါတတ်တာကြောင့်ပါ။ အဲ့ဒီအစား သင့်တော်တဲ့ အရုပ်မျိုးနဲ့ ကစားတာပဲ လုပ်ပေးပါ။

အဆင့် (၄) - နေရာအသစ်တွေနဲ့ ပေးတွေ့ပေးပါ

ကြောင်လေးကို အိမ်မှာရှိတဲ့ အခန်းတွေကို တစ်ခန်းစီ စူးစမ်းလေ့လာခိုင်းပါ။ အိမ်ထဲက အခန်းတွေနဲ့ အသားကျသွားပြီဆိုရင် အိမ်တံခါးနား၊ မီးဖိုချောင် စတဲ့နေရာမျိုးတွေနဲ့ ဖြည်းဖြည်းချင်း အသားကျအောင် ပြုလုပ်ပေးပါ။

အခန်း တစ်ခန်းချင်းစီမှာ သူတို့သက်တောင့်သက်သာ ဖြစ်ဖို့ ခုံအသေးလေးတွေ၊ ပုံးတွေထားပေးတာမျိုးကလည်း နေရာအသစ်ကြောင့် စိတ်ဖိစီးမှုကို လျော့စေပြီး အသားကျဖို့ ပိုလွယ်ကူစေပါတယ်။

အဆင့် ၅ - တခြားတိတွေနဲ့ ဖြည်းဖြည်းချင်း မိတ်ဆက်ပါ

အိမ်မှာ တခြားတိတွေရှိတယ်ဆိုရင် ချက်ချင်းပေးတွေ့တာမျိုးထက် သူတို့အနံ့ရှိတဲ့ စောင်တွေ အရုပ်တွေနဲ့ အရင် စစေချင်ပါတယ်။ ဒီလို အနံ့တွေနဲ့ ရင်းနှီးသွားပြီဆိုမှ မျက်နှာချင်းဆိုင် ပေးတွေ့တာမျိုး လုပ်ပေးစေချင်ပါတယ်။ ဒီလိုပေးတွေ့တဲ့အခါမှာလည်း သခင်တွေက စောင့်ကြည့်နေဖို့လိုပြီး ခွေးတွေဆိုရင် လည်ပတ်ကြိုးဆွဲထားသင့်ပါတယ်။ စစချင်းမှာတော့ ခဏပဲ ပေးတွေ့သင့်ပြီး ကြာချိန်ကို တဖြည်းဖြည်းချင်း တိုးသွားနိုင်ပါတယ်။

အဆင့် (၆) - ပုံမှန် လုပ်ထုံးတစ်ခု သတ်မှတ်ပါ

ဒီလို ကြောင်လေးတွေကို လေ့ကျင့်ပေးရတဲ့ ရည်ရွယ်ချက်ထဲမှာ ဆေးခန်းပြတဲ့အခါ သို့ Spa သွားတဲ့အခါ အရမ်းမခက်ခဲအောင်လည်း ပါပါတယ်။ ဒါ့ကြောင့် ခြေလက်၊ နားရွက်၊ပါးစပ်တွေကို အစဉ်အတိုင်း ညင်ညင်သာသာလေး ထိတာမျိုး လုပ်ပေးပါ။ ဘီးအပျော့မျိုးနဲ့ သာသာလေး ဖြီးပေးတာမျိုး လုပ်ပေးခြင်းကလည်း နောက်ပိုင်းမှာ အသားကျပြီး ကိုင်တွယ်ရ ပိုလွယ်ကူစေမှာပါ။

အဆင့် (၇) - ဆုချပေးဖို့ မမေ့ပါနဲ့

ကြောင်လေးတွေကို ဒီလိုတစ်ခုချင်း အသားကျအောင် လုပ်ပေးတဲ့နေရာမှာ ငြိမ်လို့ရှိရင် လိမ္မာလို့ရှိရင် မုန့်ကျွေးပြီး ဆုချတာ၊ ချီးကျူးစကားပြောတာမျိုး လုပိပေးသင့်ပါတယ်။ ဒါမှ ဒီအရာတွေကို ကောင်းတာတွေနဲ့ တွဲမှတ်မိနေမှာဖြစ်ပြီး နောက်ပိုင်းမှာလည်း စိတ်ဖိစီးတာတွေ စိုးရိမ်စိတ်တွေ မရှိမှာပါ။

ဆူတာ၊ အော်တာ၊ ရိုက်တာ၊ အပြစ်ပေးတာမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူး။ ကြောင်လေးတွေရဲ့ ငယ်တုန်းအရွယ်က အရေးကြီးတဲ့အတွက် ဒီလိုလုပ်ခြင်းက သူတို့ကို ကြောက်စိတ်ထည့်ပေးသလိုဖြစ်ပြီး စိတ်ဖိစီးနိုင်ပါတယ်။

ကြောင်လေးတွေကို ဒီလိုငယ်တုန်းမှာ လေ့ကျင့်ပေးတာဟာ အသက်ကြီးလာတဲ့အခါ လူခင်ပြီး ယုံကြည်မှုရှိတဲ့ ကြောင်တွေဖြစ်စေပါတယ်။ ဒီလိုတစ်ဆင့်ချင်း လေ့ကျင့်ပေးမယ်ဆိုရင် လူတွေ၊ အခြားတိတွေနဲ့ ပတ်ဝန်းကျင်အသစ်တွေကိုလည်း မကြောက်တော့ဘဲ ပျော်ရွှင်ပြီး ယုံကြည်ချက်ရှိတဲ့ ကြောင်တွေအဖြစ် ကြီးပြင်းလာမှာ အသေအချာပါပဲနော် …

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ