ကြောင်တွေ ဘာကြောင့် လက်သည်းသွေးရလဲ?

ကြောင်တွေ ဘာကြောင့် လက်သည်းသွေးရလဲ?
Photo by Farid Salimov / Unsplash

ကြောင်လက်သည်းသွေးတာဟာ ကဗျာတွေ၊ ပုံပြင်တွေ၊ သားချော့တေးတွေမှာတောင် ထည့်ဆိုကြတဲ့အထိ လူသိများပါတယ်။ အိမ်မှာ ကြောင်မွေးထားသူတွေဆိုရင် အိမ်မှာရှိတဲ့ ပရိဘောဂ၊ ကော်ဇော်နဲ့ ကြမ်းပြင်တွေမှာပါ ကုတ်ရာတွေ အနည်းနဲ့ အများရှိကြပါတယ်။ ဒါဆိုရင် ကြောင်တွေက ဘာလို့ ကုတ်ခြစ်ပြီးလက်သည်းသွေးရလဲ ဆိုတဲ့ မေးခွန်းကို အတူအဖြေရှာကြည့်လိုက်ရအောင် …

ကြောင်တွေ ဒီလို ကုတ်ခြစ်ပြီး လက်သည်းသွေးရတဲ့ အကြောင်းအရင်းက တစ်ခုတည်းတော့ မဟုတ်ပါဘူး။

1) . လက်သည်းထက်ချင်လို့ - ကြောင်တွေ ဒီလို ကုတ်ခြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ လက်သည်းကျန်းမာရေးအတွက်ပါ။ ဒီလို လက်သည်းသွေးလိုက်တဲ့အခါ အပြင်ဘက်က လက်သည်းခွံတွေ ကွာကျပြီး လက်သည်းကို ထက်စေပါတယ်။ ဒါကို လက်သည်းသွေးတယ်လို့ အလွယ်ခေါ်နိုင်ပြီး လက်သည်းအရှည်လွန်ပြီး သုံးမရတာမျိုး မဖြစ်တော့ပါဘူး။

2). ကိုယ်ပိုင်နေရာ သတ်မှတ်ချင်လို့ - ကြောင်တွေဟာ နယ်မြေသတ်မှတ်တတ်ကြတဲ့ တိလေးတွေပါ။ ဒီလို လက်သည်းနဲ့ကုတ်ခြစ်တာဟာ သူတို့နေရာလို့ သတ်မှတ်တဲ့ ပုံစံတစ်မျိုးဖြစ်ပြီး ဒီလိုလုပ်ခြင်းအားဖြင့် ကုတ်ရာနဲ့ သူတို့အနံ့ကျန်ခဲ့လို့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ သူတို့လက်နဲ့ ခြေထောက်ကြားထဲမှာ အနံ့ဂလင်းတွေပါဝင်တာမို့ ဒီလိုကုတ်ခြစ်လိုက်တဲ့အခါ ဖီရိုမိုဆိုတဲ့ အခြားတိရစ္ဆာန်တွေကို သူတို့နေရာဖြစ်ကြောင်း အသိပေးတဲ့ အနံ့မျိုး ထွက်စေပါတယ်။ ဒါ့ကြောင့်မို့ ပရိဘောဂနဲ့ တံခါးဘောင်စတဲ့ နေရာခပ်မြင့်မြင့်တွေကို ပိုပြီး ကုတ်ခြစ်ကြတာဟာ သူတို့နေရာဆိုတာ ပြသချင်လို့ပါ။

3). ကိုယ်လက်လှုပ်ရှားချင်လို့ - ဒီလို လက်သည်းသွေးတာဟာ ကြောင်တွေအတွက် အကြောဆန့်လေ့ကျင့်ခန်းမျိုးဖြစ်ပြီး အထူးသဖြင့် ရှေ့ခြေ၊ ပုခုံးနဲ့ ကျောဘက်က ကြွက်သားတွေအတွက် လေ့ကျင့်ခန်းဖြစ်စေပါတယ်။ ဒီလို ကုတ်ခြစ်လိုက်တဲ့အခါ ကြွက်သားတွေကို ဆန့်ထုတ်စေပြီး အကြောပြေစေပါတယ်။

4). စိတ်ဖိစီးမှုလျော့ဖို့ - ကုတ်ခြစ်ပြီး လက်သည်းသွေးတာဟာ ကြောင်တွေအတွက် စိတ်ဖိစီးမှုလျော့စေတဲ့ အပြုအမူဆိုလည်း ဟုတ်ပါတယ်။ စိုးရိမ်စိတ်များပြီး ကြောက်တဲ့အခါမျိုးမှာ ဒီလိုလုပ်လိုက်ခြင်းဖြင့် သူတို့အတွက် စိတ်သက်သာရာ ရစေပါတယ်။ အကယ်၍ အိမ်မှာ တိအသစ်တစ်ကောင် စမွေးတဲ့အချိန်၊ အိမ်ပြောင်းတာ၊ ပတ်ဝန်းကျင်က အရာတွေ ပြောင်းလဲတဲ့အခါ ကြောင်တွေမှာ စိတ်ဖိစီးမှု ဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာ တစ်နေရာရာကို ကုတ်ခြစ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကို လျှော့ချကြပါတယ်။

5). ဆော့ကစားပြီး စပ်စုချင်လို့ - တစ်ခါတစ်လေ ဆော့နေရင်းနဲ့ လက်သည်းသွေးတာဟာ ရိုးရိုးကစားကွက်တစ်ခုပါ။ ကစားနေရင်းနဲ့ စိတ်လှုပ်ရှားပြီး ပျော်ပြီး လုပ်တဲ့ အပြုအမူတစ်ခုလို့ ပြောလို့လည်း ရပါတယ်။

6). ပျင်းလို့ - တစ်ခါတစ်ရံ တစ်ကောင်တည်းမွေးထားတဲ့ ကြောင်လေးတွေ၊ အိမ်မှာ လူမရှိဘဲ တစ်ကောင်တည်း ကျန်ခဲ့တဲ့ ကြောင်တွေဆိုရင် လက်သည်းသွေးတာဟာ သူတို့အတွက် အပျင်းပြေလုပ်စရာတစ်ခုပါ။ လက်သည်းသွေးပြီး ကုတ်တာဟာ သူတို့သဘာဝမလို့ လုံးဝကြီး တားဆီးလို့ မရပါဘူး။ဒါ့ကြောင့် သူတို့မပျင်းရအောင် အရုပ်လေးတွေ၊ ကုတ်ဖို့တိုင်တွေ ထားပေးဖို့လိုပါတယ်။

အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲကမှ ဒါတွေကို ဘာလို့ ပိုကုတ်ရလဲ?

ပရိဘောဂ - ကြောင်တွေဟာ အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲကမှ ဆိုဖာ၊ ထိုင်ခုံနဲ့ သစ်သား ပရိဘောဂတွေကို ပိုပြီး ကုတ်ကြတာ တွေ့ဖူးကြမှာပါ။ ဒါဟာ အထွေအထူး အကြောင်းအရင်းတော့ မဟုတ်ပါဘူး။ သစ်သားနဲ့ အဝတ်စတွေဟာ သူတို့လက်သည်းသွေးဖို့အတွက် အကောင်းဆုံး မျက်နှာပြင်တွေ ဖြစ်နေလို့ပါ။

ကော်ဇော - ကော်ဇောမှာပါတဲ့ အမျှင်တွေက ကြောင်လက်သည်း နစ်ဝင်ဖို့အတွက် အကောင်းဆုံးမို့ ကြောင်တွေဟာ ကော်ဇောမှာ လက်သည်းသွေးရတာ ကြိုက်ရခြင်းဖြစ်ပါတယ်။

ကြမ်းပြင် - ကြမ်းပြင်ကိုတော့ ပရိဘောဂနဲ့ ကော်ဇောတွေလောက် မကုတ်ကြပေမယ့် ကြမ်းပြင်ကို ကုတ်လို့ ထွက်တဲ့ အသံကို ကြိုက်ကြတာကြောင့် ကုတ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

လက်သည်းသွေးပြီး ကုတ်တာဟာ ကြောင်တွေရဲ့ သဘာဝမလို့ လုံးဝကြီး တားဆီးလို့ မရပါဘူး။ အကြောင်းအရင်းနဲ့ အကျိုးကျေးဇူးတွေရှိတာမို့ သူတို့မပျင်းရအောင် အရုပ်လေးတွေနဲ့ ကုတ်ဖို့တိုင်တွေ ထားပေးဖို့ လိုတယ်နော်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ