ကြောင်တွေကို ဖရုံသီးကျွေးလို့ရလား?

ကြောင်တွေကို ဖရုံသီးကျွေးလို့ရလား?
Photo by Anna Keibalo / Unsplash

ဒီအချိန်ရာသီစာလည်းဖြစ်၊ ဟော်လိုးဝင်း အလှဆင်ရာမှာလည်း သုံးကြပြီး စားလို့လည်းကောင်း၊ အာဟာရလည်းရှိတဲ့ ဖရုံသီးကို တိချစ်သူတွေ တော်တော်များများကြိုက်ကြပါတယ်။ ဒါပေမယ့် တိချစ်သူကြောင်ပိုင်ရှင်တွေအနေနဲ့ ကြောင်လေးတွေကိုရော ဖရုံသီးကျွေးလို့ရလားလို့ တွေးဖူးကြမှာပါ။ အတိုဆုံးဖြေရရင်တော့ ကျွေးလို့ရပါတယ်။ ဒါပေမယ့်လည်း သိထားရမယ့်အချက်လေးတွေနဲ့ စိတ်ချရဖို့ ဘယ်လိုကျွေးသင့်လဲ ဆိုတာတွေရှိတာမို့ pet.com.mm ကနေ တစ်ခုချင်း ပြောပြပေးသွားမယ်နော် …

ဖရုံသီးက ကြောင်လေးတွေစားလို့ စိတ်ချရလား?

ဒီမေးခွန်းအတွက် အဖြေကတော့ အပေါ်မှာပြောခဲ့သလိုပဲ ဖရုံသီးက ကြောင်လေးတွေစားလို့ စိတ်ချရပါတယ်။ ဒါပေမယ့်လည်း ကျွေးသင့်တဲ့ ပမာဏတော့ ရှိတာမို့ အဲ့အကြောင်းကို အောက်မှာ အသေးစိတ် ဖော်ပြပေးသွားမယ်နော်။ ဖရုံသီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင် အေ၊ စီ နဲ့ အီး တွေပါဝင်တဲ့ အတွက် သင့်တင့်မျှတတဲ့ အစာ (Diet) ဖြစ်ဖို့ အကူအညီပေးပါတယ်။ ဒါ့အပြင် အစာအိမ်မကောင်းတဲ့ ကြောင်လေးတွေမှာဖြစ်တဲ့ ဝမ်းပိတ်တာ၊ ဝမ်းလျှောတာ စတဲ့ ပြဿနာတွေကို လျော့ပါးစေပါတယ်။ ဖရုံသီးက ရေဓာတ်လည်းကြွယ်ဝတဲ့အတွက် ဆီးလမ်းကြောင်းပြဿနာတွေကို လျော့ပါးစေတဲ့အပြင် ရေသိပ်မသောက်တဲ့ ကြောင်လေးတွေကို ကျွေးပေးခြင်းအားဖြင့် ဒီလိုပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကြောင်လေးကို ဖရုံသီး မကျွေးခင်မှာ ဘာတွေသိထားသင့်လဲ?

ဖရုံသီးကရရှိတဲ့ အကျိုးကျေးဇူးတွေ သေချာရရှိဖို့နဲ့ ကျွေးပြီးတဲ့အခါ ဘာဘေးထွက်ဆိုးကျိုးမှမရှိဖို့ဆို အောက်က အချက်လေးတွေ သိထားဖို့ လိုတယ်နော် …

  • ဖရုံသီးကို ပျော့ပြီးနူးနေအောင် အရင်ပြုတ်ပြီး အခွံခွာပါ။ ပြီးရင် ချေပြီး အနှစ်ပုံစံမျိုးရအောင် လုပ်ပြီး ကျွေးနိုင်ပါတယ်။ ဒီလိုလုပ်ခြင်း ကြောင်က စားတဲ့အခါ အစာပိုကြေလွယ်စေမှာဖြစ်ပါတယ်။
  • တကယ်လို့ ကိုယ်တိုင်ချက်မကျွေးဘူးဆိုရင် စူပါမားကတ်တွေမှာ စည်သွတ်ဗူးနဲ့ ဝယ်လို့ရပါတယ်။ ဒါပေမယ့် သကြား၊ ဟင်းခတ်မှုန့်နဲ့ အခြားတာရှည်ခံဆေးတွေ မပါတဲ့ သဘာဝ ဖရုံသီးစစ်စစ်မျိုးကို ရှာတယ်ဖို့တော့ မမေ့စေချင်ပါဘူး။ ဖရုံသီးရိုးရိုးမဟုတ်ဘဲ တခြားဟာတွေပါတာက ကြောင်လေးတွေနဲ့ မတည့်တာဖြစ်နိုင်ပါတယ်။
  • စစကျွေးချင်းမှာ လက်ဖက်ရည်ဇွန်းတစ်ဝက်ကနေ တစ်ဇွန်းထိသာ ကျွေးသင့်ပြီး အချိုးအစားကို ကျွေးချင်သလောက် ဖြည်းဖြည်းချင်း တိုးသွားနိုင်ပါတယ်။
  • စည်သွတ်ဗူးနဲ့ ဖြစ်ဖြစ် ချက်ပြီးပဲဖြစ်ဖြစ် ပိုနေတဲ့ ဖရုံသီးတွေကို အဖုံးလုံအောင် ပိတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းနိုင်ပါတယ်။

ဘာတွေရှောင်ကြဥ်ရမလဲ?

  • ဖရုံသီးစားပြီးတဲ့အခါ ကြောင်က ဓာတ်မတည့်တဲ့ လက္ခဏာ တစ်ခုခု - ဥပမာ ယားပြီး ကုတ်တာ၊ အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်ပြီဆိုရင် ကျွေးတာကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။
  • တကယ်လို့ ကြောင်မှာ ဆီးချို၊ သွေးချိုနဲ့ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေရှိတယ်ဆိုရင် မကျွေးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပါ။ ဖရုံသီးထဲမှာပါတဲ့ သကြားဓာတ်ကြောင့် ဒီရောဂါတွေရှိတဲ့ ကြောင်လေးတွေအတွက် မသင့်တော်တာမျိုး ဖြစ်နိုင်ပါတယ်။
  • ကြောင်တွေကို ဖရုံသီးအစိမ်း လုံးဝမကျွေးသင့်ပါဘူး။ အသားအရမ်းမာတာမလို့ ကြောင်တွေရဲ့ အစာအိမ်လမ်းကြောင်းကို ပြဿနာဖြစ်စေနိုင်ပြီး မတော်ရင် စားနေရင်း လည်ချောင်းမှာ မွန်းတာမျိုး ဖြစ်တတ်ပါတယ်။

အကျဥ်းချုပ်ပြောရရင် ကြောင်လေးတွေကို ဖရုံသီးကျွေးလို့ရပါတယ်။ အာဟာရလည်းရှိ အကျိုးကျေးဇူးလည်းများသလို ကြောင်လေးတွေ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာပါ။ မကျွေးခင်မှာတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကိုသာ သေချာမှတ်ထားပြီး လိုက်နာစေချင်ပါတယ်။ ဒါပေမယ့် မှာချင်တာက တစ်ခုခုစိတ်ထဲမသေချာရင်တော့ မကျွေးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာတော့ အကောင်းဆုံးပါနော် …

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ