ကျန်းမာပျော်ရွှင်တဲ့ ပါပီလေးဖြစ်ဖို့ ဘာကျွေးရမလဲ?

ကျန်းမာပျော်ရွှင်တဲ့ ပါပီလေးဖြစ်ဖို့ ဘာကျွေးရမလဲ?
Photo by Camylla Battani / Unsplash

ပါပီလေးတွေက ငယ်သေးတဲ့အလျောက် ခွေးအကြီးတွေနဲ့ မတူတဲ့ အစားအစာမျိုးလိုအပ်ပါတယ်။ သူတို့ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရလိုအပ်ချက်တွေရှိပြီး ကျွေးတဲ့အစာတွေဟာ အားအင်အပြည့်နဲ့ ကျန်းကျန်းမာမာ ကြီးထွားနိုင်ဖို့ ကူညီပေးတဲ့ အစာတွေဖြစ်ဖို့ အရေးကြီးပါတယ်။ ပါပီလေးတွေ ဒီလိုမျိုး ကျန်းမာပျော်ရွှင်စွာ ကြီးထွားနိုင်ဖို့ တိမွေးသူတွေအနေနဲ့ ဘာအချက်တွေ သိထားရမလဲ ဘယ်လို အစာမျိုးတွေ ရွေးချယ်သင့်လဲ ဆိုတာတွေ သိချင်တယ်ဆိုရင် အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်နော် …

  1. ပါပီတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ

ပါပီလေးတွေက အရှိန်နဲ့ ကြီးထွားတတ်ကြတာမလို့ ခွေးအကြီးတွေထက် ကယ်လိုရီ၊ ပရိုတိန်းနဲ့ အဆီဓာတ်တွေ ပိုလိုအပ်ပါတယ်။ ဒါ့အပြင် ကောင်းမွန်စွာ ကြီးထွားနိုင်ဖို့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း အချိုးကျကျ လိုအပ်ပါသေးတယ်။

  • ပါပီလေးတွေဟာ အသား၊ မာဆယ်လ်နဲ့ တစ်ရှူးတွေကြီးထွားမှုအတွက် ပရိုတိန်းဓာတ် လိုတဲ့အတွက် ကြက်သား၊ သိုးသား နဲ့ ငါးလိုမျိုး ပရိုတိန်းများတဲ့ အစားအစာတွေ ရွေးချယ်ပေးလို့ ရပါတယ်။
  • ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အင်အားရှိဖို့အတွက် လိုအပ်တာကတော့ အဆီဓာတ်ပါ။ ဒါ့ကြောင့် အိုမီဂါ 3၊ အိုမီဂါ 6 နဲ့ ဖက်တီး အက်ဆစ်ပါဝင်တဲ့ အားဆေးနဲ့ အစားအစာ (ဥပမာ - ဥအမျိုးမျိုး) တွေ ရွေးချယ်စေချင်ပါတယ်။
  • ကယ်လ်ဆီယမ်နဲ့ ဖော့စဖောရက်စ်ဓာတ် တွေကတော့ အရိုးကျန်မာရေးနဲ့ ဖွံ့ဖြိုးမှုအတွက် အကူအညီပေးတာကြောင့် အရိုးတွေ သေချာဖွံ့ဖြိုးနိုင်ဖို့ လိုအပ်ပါတယ်။
  • ကျန်းမာရေးနဲ့ ကိုယ်ခံအားကောင်းမွန်ဖို့အတွက် ဗီတာမင် အေ၊ ဒီ၊ အီး၊ ဇင့်နဲ့ ကော့ပါးဓာတ်တွေပါတဲ့အားဆေးတွေ တိုက်ပေးသင့်ပါတယ်။

  1. ပါပီတွေအတွက် သီးသန့်ထုတ်ထားတဲ့ အစာမျိုး ရွေးချယ်ပါ

ပါပီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့အစာတွေဟာ လိုအပ်တဲ့ အာဟာရဓာတ်တွေ မျှတစွာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ခွေးတွေအတွက် ယေဘုယျထုတ်ထားတဲ့အစာမျိုးထက် ခွေးပေါက်တွေအတွက် သီးသန့်ထုတ်တာမျိုး ရွေးချယ်စေချင်ပါတယ်။

  • “ကြီးထွားမှုနှုန်း” (growth) နဲ့  “အသက်အရွယ်မရွေး” (all life stages) ဆိုတာပါတဲ့ အစာတွေဟာ ကြီးထွားနေဆဲ ခွေးလေးတွေအတွက် သင့်တော်ပါတယ်။
  • ခွေးကြီးတွေအတွက် ထုတ်ထားပြီး အပေါ်က စာမျိုး မပါတဲ့ အစာတွေက ပါပီတွေအတွက် လိုအပ်တဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ မပါတာကြောင့် အဲ့လိုအစာတွေကိုတော့ ရှောင်သင့်ပါတယ်။
  • ပါပီလေးတွေက ခွေးကြီးတွေထက် ပါးစပ်အရွယ်အစားသေးပါတယ်။ ဒါ့ကြောင့် အစာခြောက်ရွေးတဲ့အခါ အသက်နဲ့ ခွေးအမျိုးအစားကိုလိုက်ပြီး သင့်တော်တဲ့အစာခြောက် အရွယ်အစား ရွေးချယ်စေချင်ပါတယ်။

3. ခွေးလေးရဲ့ မျိုးစိတ်နဲ့ အရွယ်အစားအလိုက် ရွေးချယ်ရမယ့် အစာတွေ ကွာခြားပါတယ်

ပါပီလေးတွေရဲ့ မျိုးစိတ်နဲ့ အရွယ်အစားဟာ သူတို့အတွက် လိုအပ်တဲ့ အစာပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အသေး၊ အလတ်၊ အကြီး အရွယ်တွေအလိုက် ကြီးထွားမှုနှုန်းမတူဘဲ လိုအပ်တဲ့ အာဟာရတွေလည်း မတူကြပါဘူး။

  • အသေးမျိုးစိတ်ပါပီတွေဟာ အစာခြေဖျက်မှု မြန်တဲ့အတွက် ကယ်လိုရီများတဲ့ အစာမျိုးကို ခဏခဏ ကျွေးပေးသင့်ပါတယ်။
  • အကြီးမျိုးစိတ်ပါပီတွေဟာ ဖြည်းဖြည်းချင်း ကြီးထွားကြတဲ့အတွက် အရိုးပြဿနာတွေကနေ ကာကွယ်ဖို့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖောရက်စ် ပါဝင်တဲ့ အစာမျိုး ကျွေးပေးသင့်ပါတယ်။
  • မကြီးမသေး ပါပီတွေအတွက်တော့ အပေါ်က ဖော်ပြခဲ့တဲ့ ကယ်လိုရီ၊ကယ်လ်ဆီယမ်နဲ့ ဖော့စဖောရက်စ်ဓာတ်တွေ သင့်တင့်မျှတစွာပါတဲ့ အစာမျိုးနဲ့ သင့်တော်ပါတယ်။

4. အစာစိုနဲ့ အစာခြောက်

  • အစာခြောက်ဟာ ဝယ်ရလွယ်ကူပြီး သိမ်းဆည်းရလွယ်ကူတဲ့ အားသာချက်ရှိပြီး ကျွတ်တဲ့အစာဖြစ်တာကြောင့် ဝါးတဲ့အခါ ပါပီလေးတွေရဲ့သွားတွေကို သန့်ရှင်းစေတဲ့အတွက် သွားကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
  • အစာစိုကတော့ ပိုအရသာရှိပြီး ခွေးလေးတွေအတွက် ပိုပြီးစားလို့လွယ်ပါတယ်။ ရေဓာတ်ပြည့်ဝဖို့ အထောက်အကူပေးတဲ့ အားသာချက်ရှိပေမယ့် အဖုံးဖွင့်ပြီးရင် သိုးလွယ်တာကြောင့် အစာခြောက်လောက် သိမ်းဆည်းရမလွယ်မကူပါဘူး။
  • ဒါ့ကြောင့် ခွေးမွေးကြသူတော်တော်များများက ခွေးလေးလည်း ပိုစားချင်အောင်၊ အာဟာရလည်း ပိုရှိအောင် အစာခြောက်နဲ့ အစိုကို တစ်လှည့်စီ ကျွေးကြတာများပါတယ်။

5. အရည်အသွေးကောင်းတဲ့ အစာမျိုးရွေးဝယ်ပါ

ပါပီတွေအတွက် အစာရွေးချယ်တဲ့အခါ အရည်အသွေးကောင်းပြီး တာရှည်ခံတဲ့ ဆိုးဆေးနဲ့ အရသာတွေ မပါတဲ့ အစာမျိုး ရွေးစေချင်ပါတယ်။

  • “အသားပါဝင်” လို့ရေးထားတဲ့ အစာတွေထက် သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ကြက်သား၊ သိုးသား၊ နဲ့ ငါး စတာတွေပါဝင်တယ်လို့ တိတိကျကျ ရေးထားတဲ့ အစာမျိုးရွေးချယ်ပါ။
  • အစေ့အဆံပါဝင်တဲ့ အစာတွေဟာ ပါပီလေးတွေကို အင်အားပြည့်ဝနေဖို့ အကူအညီပေးပါတယ်။
  • ပြောင်းဖူး၊ ဂျုံနဲ့ ပဲ တွေက ပါပီတွေအတွက် အစာချေဖို့ခက်ခဲပြီး အာဟာရအများကြီး မပါဝင်တာကြောင့် ဒါတွေပါတဲ့ အစာတွေကိုတော့ ရှောင်စေချင်ပါတယ်။

ပါပီလေးတွေဟာ ကြီးထွားနေဆဲ အရွယ်ဖြစ်တာကြောင့် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းနိုင်ဖို့အတွက် အစားအသောက်က အရေးကြီးပါတယ်။ ဒီလို သူတို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရတွေကို သိထားခြင်းဖြင့် သူတို့အတွက် အသင့်တော်ဆုံး အစာကို ရွေးချယ်နိုင်မှာပါ။ ကိုယ့်ခွေးလေးရဲ့ မျိုးစိတ်၊ အသက်နဲ့ အရွယ်အစားအလိုက် ဘာကျွေးသင့်လဲ အတိအကျ သေချာသိဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာကတော့ အကောင်းဆုံးပါနော်။ 

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ