ခွေးတွေအတွက် အစာခြောက်နဲ့ အစို ဘယ်ဟာပိုကောင်းလဲ?

ခွေးတွေအတွက် အစာခြောက်နဲ့ အစို ဘယ်ဟာပိုကောင်းလဲ?
Photo by Jamie Street / Unsplash

ခွေးလေးတွေအတွက် အစာခြောက် နဲ့ အစာစို ဘာရွေးသင့်လဲဆိုတာ ခွေးမွေးသူတိုင်း ကြုံတတ်ကြတဲ့ ဒွိဟတစ်ခုပါ။ တစ်ခုချင်းစီမှာ မတူတဲ့ အကျိုးကျေးဇူးတွေရှိတာမို့ ခွေးလေးရဲ့ လိုအပ်ချက်နဲ့ ပိုင်ရှင်ရဲ့ နေထိုင်မှုပုံစံနဲ့ အကိုက်ညီဆုံးကို ရွေးချယ်နိုင်ပါတယ်။ ဒါဆိုရင် ကိုယ့်ခွေးလေးအတွက် ဘာနဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ရွေးချယ်နိုင်ဖို့ တစ်ခုချင်းစီရဲ့ အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်နော်။

အစာခြောက်နဲ့ အစာစို ဘယ်ဟာပိုကောင်းလဲ?

ဘယ်တစ်ခုကတော့ အမြဲတမ်း ပိုကောင်းတယ်လို့ ပြောလို့မရနိုင်ပါဘူး။ တစ်ခုချင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေရှိတာမို့ ခွေးရဲ့ အသက်၊ ကျန်းမာရေး အခြေအနေနဲ့ ကြိုက်တတ်တဲ့ အစားအစာ အပြင် ပိုင်ရှင်ရဲ့ သုံးချင်တဲ့ ပမာဏကို လိုက်ပြီး အကောင်းဆုံးကို ရွေးချယ်နိုင်ပါတယ်။ 

အစာစိုရဲ့ ကောင်းကျိုးများ

  1. ရေပါဝင်မှုပိုများတယ်
  • အစာစိုတွေမှာ (၇၀) ကနေ (၈၅) ရာခိုင်နှုန်းထိ ရေပါဝင်တဲ့အတွက် ရေဓာတ်ပြည့်ဝနေစေဖို့ အထောက်အကူ ပြုပါတယ်။ အထူးသဖြင့် ရေသိပ်မသောက်တဲ့ ခွေးလေးတွေအတွက် သင့်တော်ပြီး ပူအိုက်တဲ့ ရာသီ၊ နိုင်ငံမှာ နေထိုင်ရင် ဒါမှမဟုတ် ကျောက်ကပ်မကောင်းတဲ့ ခွေးတွေအတွက်ဆိုရင် သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါ။
  • ရေပါဝင်မှုများတာကြောင့် နူးညံ့ပြီး ဝါးလို့လွယ်ကူတာကြောင့် အသက်ကြီးတဲ့ ခွေးတွေနဲ့ သွားမကောင်းတဲ့ ခွေးလေးတွေအတွက် ပိုပြီးအဆင်ပြေပါတယ်။
  1. ပရိုတိန်းဓာတ်ပါဝင်မှုများတယ်
  • အစာစိုဟာ အစာခြောက်နဲ့ယှဥ်ရင် ပရိုတိန်းဓာတ် ပါဝင်မှုများတာကြောင့် ခွေးတွေရဲ့ သဘာဝအစာနဲ့ ပိုနီးစပ်ပါတယ်။ ကြွက်သားကျန်းမာရေးအတွက် ကောင်းမွန်တာမို့ လှုပ်လှုပ်ရှားရှားနေတတ်တဲ့ ခွေးမျိုးစိတ်တွေအတွက် အဆင်ပြေတဲ့ အစာပါ။
  • အစာစိုဟာ အရသာပိုရှိပြီး စားရလွယ်ကူတာမို့ အသက်ကြီးတဲ့ ခွေးတွေ၊ အစာသိပ်မစားချင်တဲ့ ခွေးတွေအတွက် ရွေးချယ်လို့ သင့်တော်ပါတယ်။
  1. ကာဘိုဟိုက်ဒရိုဒ် ပါဝင်မှုနည်းတယ်
  • အစာစိုမှာ ကာဘိုဟိုက်ဒရိုဒ်ပါဝင်မှုနည်းတာကြောင့် သွေးချို၊ ဆီးချိုရှိတဲ့ ခွေးတွေ၊ အဝလွန်တဲ့ ခွေးတွေအတွက် အလေးချိန်ထိန်းသိမ်းဖို့ အဆင်ပြေပါတယ်။

အစာခြောက်ရဲ့ ကောင်းကျိုးများ

  1. ပိုပြီး သက်သာလွယ်ကူတယ်
  • အစာခြောက်တွေမှာ ရေပါဝင်မှု (၁၀) ကနေ (၁၂) ရာခိုင်နှုန်းသာရှိတာမို့ တာရှည်သိမ်းဆည်းခံပါတယ်။ အစာစိုလိုမျိုး ရေခဲသေတ္တာထဲ သိမ်းဆည်းဖို့ မလိုတာမို့ တစ်ခါတည်းနဲ့ အများကြီး ဝယ်ထားလည်း ပြဿနာမရှိပါဘူး။
  • အစာခြောက်က အချိုးအစားတိုင်းတာရလွယ်တာကြောင့် လိုအပ်သလောက်ပဲ ချိန်ဆပြီး ကျွေးလို့ရပါတယ်။
  1. ခံတွင်းကျန်းမာရေးအတွက် ကောင်းတယ်
  • အစာခြောက်က ဝါးတဲ့အခါမှာ ကြွပ်ဆတ်တာကြောင့် ခံတွင်းထဲက အစာဟောင်းနဲ့ သွားကြေးတွေကို တိုက်ချွတ်ရာမှာ ကူညီပေးတာကြောင့် ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စေပါတယ်။ 
  1. ဈေးပိုသက်သာတယ်
  • အစာခြောက်က အစာစိုထက် ဈေးပိုမိုသက်သာပြီး သိမ်းဆည်းရလွယ်တာမို့ ခွေးတွေအများကြီးမွေးထားတဲ့ ပိုင်ရှင်တွေ ပိုရွေးချယ်တာကိုလည်း တွေ့ရပါတယ်။
  1. အာဟာရပါဝင်မှုပိုများတယ်
  • အချိုးအစားတူညီတဲ့ အစာခြောက်နဲ့ အစာစိုယှဥ်လိုက်ရင် အစာခြောက်က ပိုပြီး ကယ်လိုရီပိုများပါတယ်။ ဒါ့ကြောင့် နည်းနည်းကျွေးတာနဲ့ လိုအပ်တဲ့ အာဟာရတွေ ရနိုင်တာကြောငင် လှုပ်လှုပ်ရှားရှားနေတတ်တဲ့ ခွေးတွေအတွက် ပိုပြီး သင့်တော်ပါတယ်။

အစာစိုနဲ့ အစာခြောက် ဘာရွေးချယ်သင့်လဲ?

ရွေးချယ်စရာနှစ်ခုထဲက မိမိခွေးရဲ့ မျိုးစိတ်နဲ့ လိုအပ်ချက်အလိုက် ရွေးချယ်သင့်ပါတယ်။

  • အသက်ကြီးပြီး ခံတွင်းကျန်းမာရေးမကောင်းတဲ့ ခွေးတွေအတွက် အစာစိုက စားရပိုပြီး လွယ်ကူနိုင်ပါတယ်။
  • ရေများများသောက်ဖို့ လိုအပ်တဲ့ ခွေးတွေ၊ လှုပ်ရှားမှုများတဲ့ ခွေးတွေအတွက် အစာစိုက ရေဓာတ်ပြည့်ဝဖို့ ပိုပြီး အထောက်အကူဖြစ်စေပါတယ်။
  • အလုပ်ရှုပ်သိပ်မခံချင်တဲ့ ပိုင်ရှင်တွေအတွက် သိမ်းဆည်းရလွယ်ကူပြီး ဈေးပိုသက်သာတဲ့ အစာခြောက်ကို ရွေးချယ်နိုင်ပါတယ်။
  • အလေးချိန်တက်လွယ်တဲ့ ခွေးတွေအတွက် အစာခြောက်နဲ့ အစာစိုနှစ်မျိုးလုံး ရောကျွေးခြင်းဟာ လိုအပ်တဲ့ အာဟာရကို ဟန်ချက်ညီစေပါတယ်။

ဒီအချက်တွေနဲ့ မိမိခွေးရဲ့ မျိုးစိတ်နဲ့ လိုအပ်ချက်အတိုင်း ရွေးချယ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ နှစ်မျိုးတစ်လှည့်စီ ကျွေးတာမျိုးကလည်း ဟန်ချက်ညီဖို့ အကူအညီဖြစ်စေနိုင်တာမို့ သင့်တော်သလို ရွေးချယ်ဖို့ pet.com.mm ကနေ အကြံပြုချင်ပါတယ်နော် …

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ