မြန်မာငါးချစ်သူတွေကြားက နာမည်အကြီးဆုံး ငါးမျိုးစိတ် (၈) ခု

မြန်မာငါးချစ်သူတွေကြားက နာမည်အကြီးဆုံး ငါးမျိုးစိတ် (၈) ခု
Photo by SLNC / Unsplash

မြန်မာနိုင်ငံမှာ တိချစ်သူတွေ အများကြီးရှိကြတဲ့အထဲ အလှမွေးငါး ချစ်သူတွေ နောက်ပိုင်းမှာ ပိုပြီးများလာတာကို တွေ့ရပါတယ်။ မြန်မာ ငါးချစ်သူတွေကြားထဲမှာ အရောင်စုံ၊ ရေယက်အလှတွေရှိပြီး မွေးရလွယ်တဲ့ ငါးအမျိုးအစားတွေက နာမည်ကြီးကြတာမို့ အဲ့ထဲမှာမှ အမွေးအများဆုံး ငါးမျိုးစိတ်တွေက ဘာတွေလဲ? သိချင်တယ်ဆိုရင် အဆုံးထိဖတ်ကြည့်ပြီး pet.com.mm နဲ့အတူ လေ့လာကြည့်လိုက်ရအောင်နော် …

Arowana (အဲရိုဝါးနား)

Arowana (ခေါ် ) Dragon Fish ဟာ မြန်မာအပါအဝင် အခြား အာရှနိုင်ငံတွေမှာပါ နာမည်ကြီးတဲ့ အလှမွေးငါးအမျိုးအစား တစ်ခုဖြစ်ပါတယ်။ အရောင်တလက်လက်ထနေတဲ့ ရေယက်နဲ့ ရှည်လျားတဲ့ ကိုယ်ရှိတဲ့ Arowana ငါးဟာ မြန်မာအပါအဝင် အာရှနိုင်ငံတော်တော်များများမှာ ကံကောင်းတဲ့ အဆောင် လို့ သတ်မှတ်ခံရတယ်လို့ သိရပါတယ်။ အရောင်လည်းလှတဲ့အပြင် “Lucky Fish” အဖြစ် သတ်မှတ်ခံရတာကြောင့် မြန်မာငါးချစ်သူတွေရဲ့ အချစ်တော် ငါးလေးတွေပါ။ 

Arowana ငါးတွေဟာ အသက် (၁၀) နှစ်ကနေ အနှစ် (၂၀) ထိ နေနိုင်ကြတာကြောင့် တခြား ငါးမျိုးစိတ်တွေထက် သက်တမ်းရှည်ကြပါတယ်။ 

Goldfish (ရွှေငါး)

ရွှေငါးဆိုရင် မြန်မာမှာ မသိသူမရှိသလောက်ပါပဲ။ ရွှေငါးဆိုတဲ့ အတိုင်း​ အရောင်တောက်တောက်ရှိပြီး ရန်မမူတတ်ဘဲ အေးဆေးတဲ့ ငါးမျိုးစိတ်တစ်ခုဖြစ်ပါတယ်။ ရွှေငါးလေးတွေက မွေးရလွယ်ပြီး အရွယ်သေးတဲ့အတွက် ကန်အကြီးကြီးမလိုပါဘူး။ ရွှေငါးတွေအများကြီး ရှိတဲ့ထဲ ရိုးရိုးရွှေငါး၊ ဖန်စီ (Fancy) ရွှေငါး၊ မိုးရွှေငါး (black moor) ဆိုတဲ့ သုံးမျိုးကတော့ နာမည်အကြီးဆုံးဖြစ်ပါတယ်။

ရွှေငါးတွေဟာ သေချာမွေးနိုင်မယ်ဆိုရင် သက်တမ်း (၁၀) နှစ်ကနေ (၁၅) နှစ်ထိ အသက်ရှင်နိုင်ပါတယ်။

Betta Fish (ဖိုက်တာငါး)

Betta Fish (ခေါ်)  ဖိုက်တာငါးမျိုးစိတ်ဟာ အရောင်အရမ်းလှတဲ့အပြင် အနောက်ဘက်မှာ ဝဲနေတဲ့ပုံစံ ရေယက်မျိုးရှိတာကြောင့် မြန်မာငါးချစ်သူတွေ အကြိုက်ကြဆုံး ငါးမျိုးစိတ်တစ်ခုပါ။ ဖိုက်တာငါးဆိုတဲ့အတိုင်း အခြားငါးတွေကို ရန်မူတတ်ပါတယ်။ အထူးသဖြင့် အထီးတွေက ပိုရန်များတတ်တာကြောင့် အခြားငါးအထီးတွေနဲ့ ရောထားလို့ မရပါဘူး။ အကြမ်းခံပြီး မွေးရလွယ်တာကြောင့် အခုမှ တစ်ကောင်တည်း စမွေးကြည့်မယ့်သူတွေအတွက် အဆင်ပြေတဲ့ ငါးအမျိုးအစားပါ။

Betta ငါးလေးတွေကတော့ သက်တမ်း (၂) နှစ်ကနေ (၅) နှစ်အထိ အသက်ရှင်နိုင်ကြပါတယ်။

Gourami (ဂေါင်ရာမီ)

အေးဆေးတဲ့ သဘာဝနဲ့ အရောင်ပုံစံ အစုံရှိတဲ့ Gouramis ငါးတွေဟာလည်း မြန်မာငါးချစ်သူတွေကြားထဲမှာ လူကြိုက်များပါတယ်။ တခြားငါးတွေနဲ့ အတူမွေးလို့လည်း အဆင်ပြေပြီး သူတို့မှာပါတဲ့ Labyrint လို့ ခေါ်တဲ့ အဆုတ်ကြောင့် ရေမျက်မှာပြင်ပေါ်မှာ အသက်ရှူနိုင်ကြတဲ့ ငါးတွေအဖြစ် လူသိများပါတယ်။ အပြာရောင် Gouramis ငါးတွေကတော့ မြန်မာငါးမွေးသူတွေကြားမှာ အမွေးအများဆုံးပါ။

Gourami ငါးတွေရဲ့ သက်တမ်းကတော့ (၂) နှစ်ကနေ (၃) နှစ်အထိသာ ရှိတဲ့အတွက် အခြားငါးမျိုးစိတ်တွေထက် သက်တမ်းတိုတယ်လို့ ပြောနိုင်ပါတယ်။

Tetra (တီတရာ)

Tetra ငါးလေးတွေဟာ အရွယ်သေးပြီး ရောင်စုံရှိတဲ့အတွက် တစ်ကောင်တည်းမဟုတ်ဘဲ အကောင်ရေများများ ရောမွေးကြတာများပါတယ်။ အရောင်တောက်တောက်နဲ့ ရောင်စုံမွေးထားရင် အရမ်းလှတာကြောင့် အလှငါးမွေးကန် ဝါသနာရှင်တွေ အမွေးများကြတဲ့ ငါးလေးတွေပါ။ အရောင်တွေအများကြီးထဲမှာ အပြာရောင်တောက်တောက်ပေါ်မှာ အနီရောင် အစင်းလိုင်းတွေရှိတဲ့ Neon Tetra ငါးတွေကတော့ နာမည်အကြီးဆုံးပါ။

မွေးတဲ့နေရာနဲ့ ဂရုစိုက်မှုအပေါ်မူတည်ပြီး Tetra ငါးတွေဟာ (၂) နှစ်ကနေ (၈) နှစ်အထိ အသက်ရှင်နိုင်ကြပါတယ်။

Clown Loach (လူရွှင်တော် ငါး)

နာမည်အတိုင်းပဲ ဆော့ကစားရတာကြိုက်ပြီး အရမ်းသွက်တဲ့ ငါးမျိုးစိတ်ကတော့ Clown Loach ပါပဲ။ လိမ္မော်နဲ့ အနက်အစင်းကြားရှိတာကြောင့် အများနဲ့ မတူ ကွဲထွက်တဲ့ ပုံစံရှိပြီး အခြားငါးတွေနဲ့ မွေးလို့ရတဲ့ ငါးလေးတွေဖြစ်ပါတယ်။ သူတို့ဟာ ငါးမွေးကန်အောက်ပိုင်းက အစာကျန်တွေနဲ့ အစအနတွေကို ရှင်းပေးတတ်တဲ့ bottom-dweller (ရေအောက်ပိုင်း နေထိုင်သူ) ငါးလေးတွေပါ။

Clown Loach ငါးတွေဟာ သက်တမ်း (၁၀) နှစ်ကနေ အနှစ် (၃၀) ထိ နေနိုင်ကြပြီး မွေးတဲ့နေရာနဲ့ ဂရုစိုက်မှုအပေါ်မူတည်ပြီး သက်တမ်းကွာခြားပါတယ်။

Cichlids (စီချလစ်)

အရောင်ရင့်ရင့်နဲ့ လှပြီး ခေါ်ရင် တုံ့ပြန်တတ်ကြတာကြောင့် နာမည်ကြီးတဲ့ ငါးတွေကတော့ Cichlids ငါးတွေဖြစ်ပါတယ်။ သူတို့ဟာ ဉာဏ်ကောင်းပြီး ပိုင်ရှင်ကို မှတ်မိနိုင်ကြပါတယ်။ Cichlids မျိုးစိတ်တွေအများကြီးရှိတဲ့ထဲ တော်တော်များများဟာ သူတို့ပိုင်နက်သတ်မှတ်တတ်ကြတာကြောင့် ရောမွေးမယ်ဆိုရင် သေချာလေ့လာပြီးမှ မွေးသင့်ပါတယ်။

Cichlids ငါးတွေရဲ့ သက်တမ်းကတော့ (၈) နှစ်ကနေ (၁၂) နှစ်အထိ ရှိတယ်လို့ သိရပါတယ်။

Tinfoil Barb (ယိုးဒယား ငါးခုံးမ)

မြန်မာလို ယိုးဒယား ငါးခုံးမလို့ ခေါ်ကြတဲ့ Tinfoil Barb ငါးတွေဟာ tinfoil (သံဖြူသတ္တု) ဆိုတဲ့နာမည်အတိုင်း အကြေးခွံက သတ္တုလိုမျိုး ပြောင်ပါတယ်။ သူတို့ဟာ အရွယ်အစား အနည်းငယ် ကြီးတာကြောင့် ကန်ကြီးကြီးမှာ မွေးဖို့လိုပြီး schooling fish (အုပ်စုလိုက် နေထိုင်တတ်သောငါး) တွေဖြစ်တာကြောင့် အဖွဲ့လိုက်မွေးပေးရပါတယ်။

Tinfoil Barb ငါးတွေကတော့ (၁၀) နှစ်ကနေ (၁၅) နှစ် သက်တမ်းအထိ နေနိုင်ကြတယ်လို့ သိရပါတယ်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ