ငှက်စာ အစေ့ နဲ့ အစာခြောက် ဘယ်လိုကွာခြားလဲ?

ငှက်စာ အစေ့ နဲ့ အစာခြောက် ဘယ်လိုကွာခြားလဲ?
Photo by Jay Wennington / Unsplash

ငှက်လေးတွေ ဘာစားလဲဆိုတာ အခုထိ သေချာမသိသေးကြတဲ့ တိချစ်သူတွေ ရှိကြမယ်ထင်ပါတယ်။ ငှက်စာတွေအများကြီးထဲမှာ လူသိများပြီး အကျွေးအများဆုံး နှစ်မျိုးကတော့ အစာစေ့နဲ့ အစာခြောက်ပါ။ အစာစေ့က သဘာဝအပင်ကရတဲ့ အစာဖြစ်ပြီးတော့ အစာခြောက်ကတော့ လူတွေပြုလုပ်ထားတဲ့ အစာဖြစ်ပါတယ်။ တစ်ခုချင်းမှာ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိကြပြီး ဘယ်လိုကွာခြားလဲဆိုတာ ဒီ Article မှာ လေ့လာကြည့်လိုက်ရအောင်။

ငှက်အစာစေ့အကြောင်း

အစာစေ့ဆိုတာ နေကြာစေ့၊ ပြောင်းဆန်၊ ပန်းကြာပန်း (safflower) စတဲ့ အပင်တွေကရတဲ့ အစေ့တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ အစေ့တွေဟာ ငှက်တွေရဲ့ သဘာဝ အစာတစ်ခုဖြစ်ပြီး အားသာချက်နဲ့ အားနည်းချက် တချို့ကတော့ 

  • ငှက်တော်တော်များများ အထူးသဖြင့် ကြက်တူရွေးတွေဟာ သူတို့ရဲ့ သဘာဝအစာဖြစ်တာကြောင့် အစာစေ့ကို အတော်ကြိုက်ကြပါတယ်။
  • အပင်တွေကရတဲ့ အစာဖြစ်တာကြောင့် သဘာဝဖြစ်တဲ့အပြင် အနံ့၊ အရသာ အစုံရွေးချယ်နိုင်ပါတယ်။
  • ငှက်လေးတွေက အစာစေ့ကို စားတဲ့အခါ ခွဲပြီးစားလေ့ရှိကြတာကြောင့် ဗိုက်လည်းဝတဲ့အပြင် အပျင်းလည်း ပြေစေပါတယ်။
  • သဘာဝအစာတွေဖြစ်ပေမယ့်လည်း အစာစေ့တစ်ခုပဲ ကျွေးမယ်ဆိုရင် ငှက်တွေအတွက် လိုအပ်တဲ့ အာဟာရမပြည့်ဝနိုင်ပါဘူး။ အစာစေ့တွေက အဆီတွေများပြီး ဗီတာမင်၊ ကယ်လ်ဆီယမ် နဲ့ အမိုင်နိုအက်ဆစ်တွေ အနည်းငယ်သာ ပါတဲ့အတွက်ပါ။
  • အစေ့အမျိုးအစားနဲ့ အရသာအများရှိတဲ့အတွက် ငှက်လေးတွေက အရသာတစ်မျိုးကိုပဲ ရွေးစားပြီး ဗီတာမင်ပိုများတဲ့ အစေ့တွေကို မစားတာကြောင့် အာဟာရပိုမရနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။
  • အဆီပါဝင်မှုများတဲ့အတွက် များများစားတဲ့အခါ ငှက်တွေမှာ အဝလွန်တဲ့ ပြဿနာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ငှက်အစာခြောက်အကြောင်း 

အစာခြောက်ဟာ ငှက်တွေအတွက် လိုအပ်တဲ့ အာဟာရအစုံရရှိဖို့အတွက် လူတွေပြုလုပ်ထားတဲ့ အစာတစ်မျိုးပါ။ သဘာဝအစာမဟုတ်ပေမယ့်လည်း အာဟာရအစုံပါတဲ့အတွက် ဆရာတော်တော်များများက ကျွေးဖို့အကြံပြုကြတာ တွေ့ရပါတယ်။

  • အစာခြောက်တွေဟာ ငှက်လေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေကို သေချာ ပေါင်းစပ်ထားတဲ့အတွက် အစာစေ့မှာပါဝင်မှုနည်းတဲ့ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ ပရိုတမ်းတွေပါဝင်ပါတယ်။ ဒါ့ကြောင့် အစာခြောက်ကျွေးခြင်းဟာ အာဟာရမပြည့်ဝတဲ့ ပြဿနာကနေ ကာကွယ်ပေးပါတယ်။
  • အစာခြောက်တွေဟာ အရသာအတူတူ၊ အရွယ်အစားအတူတူ ဖြစ်တဲ့အတွက် အကြိုက်ဆုံး အရသာတစ်ခုကိုပဲ ရွေးစားမျိုး မဖြစ်တော့ပါဘူး။
  • အာဟာရမျှတစွာပါဝင်တဲ့အတွက် အဝလွန်တာ၊ အာဟာရမပြည့်ဝတာကြောင့် ဖြစ်လာမယ့် ကျန်းမာရေးပြဿနာတွေကနေ ကာကွယ်ပေးပါတယ်။
  • အစာစေ့က ငှက်လေးတွေရဲ့ သဘာဝအစာဖြစ်တဲ့အတွက် အစေ့ပဲစားနေကျ ငှက်လေးတွေကို အစာခြောက်ပြောင်း ကျွေးမယ်ဆိုရင် အစာမစားတော့တာမျိုးဖြစ်ပါတယ်။ 
  • အစာခြောက်တွေဟာ လူတွေပြုလုပ်ထားတဲ့ အစာဖြစ်တာကြောင့် ဓာတုပစ္စည်းနဲ့ အရောင်၊ အရသာနဲ့ တာရှည်ခံဆေးတွေပါနိုင်ပြီး ငှက်လေးတွေအတွက် အကောင်းဆုံး မဟုတ်တာမျိုး ဖြစ်နိုင်ပါတယ်။
  • အစာခြောက်အမျိုးအစား အများအပြားရှိပေမယ့်လည်း အရသာ အရမ်းမကွဲပြားတာကြောင့် ကြာလာတဲ့အခါ ငြီးငွေ့လာတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါဆိုရင် အစာစေ့နဲ့ အစာခြောက် ဘာကျွေးသင့်လဲ?

ငှက်တွေကို အစာစေ့နဲ့ အစာခြောက်နှစ်မျိုးလုံး ကျွေးလို့ရပေမယ့်လည်း ဆရာဝန်တွေက အစာခြောက်ကို အဓိကကျွေးပြီး အစာစေ့နဲ့ အခြား အသီးအရွက်တွေကို အရံအနေနဲ့ ကျွေးဖို့ တိုက်တွန်းကြပါတယ်။

  • အစာခြောက်တွေမှာ ငှက်လေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ မျှတစွားပါဝင်တာကြောင့် သူတို့ရဲ့ အဓိက အစာဖြစ်သင့်ပါတယ်။
  • အစာစေ့တွေကို ငှက်လေးတွေအတွက် အပျင်းပြေ အရသာအတွက်စားတဲ့ သွားရည်စာမျိုး အနေနဲ့မျိုးပဲ ကျွေးသင့်ပြီး အဓိက အစာအနေနဲ့ မကျွေးသင့်ပါဘူး။
  • အစာစေ့နဲ့ အစာခြောက်အပြင် အခြားလိုအပ်တဲ့ အာဟာရ၊ အမျှင်ဓာတ်နဲ့ ရေဓာတ်တွေအတွက် လတ်ဆတ်တဲ့ အသီးအနှံနဲ့ အရွက်တွေလည်း ကျွေးပေးဖို့ လိုပါတယ်။

ဒီအချက်အလက်တွေဟာ ငှက်တွေအတွက် ယေဘုယျအားဖြင့်သာ မှန်ကန်ပြီး မွေးတဲ့ ငှက်အမျိုးအစားအလိုက် လိုအပ်တဲ့ အာဟာရနဲ့ ကျွေးရမယ့်အစာကို သေချာသိချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ အကြံပြုချင်ပါတယ်နော်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ