ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး
Photo by Saqib Iqbal Digital / Unsplash

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖို့လိုပါတယ်။ လူတွေစားလို့ရပေမယ့် ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာတွေရှိတာမို့ ဘာတွေ ရှောင်ရှားရမလဲ ဆိုတာ တိချစ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

  1. ထောပတ်သီး - အသီးဖြစ်တာကြောင့် ငှက်တွေအတွက် စားလို့ စိတ်ချရတယ်လို့ ထင်နိုင်ပေမယ့် ထောပတ်သီးမှာ ပါဆင် (persin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး အဲ့ဒီဓာတ်ဟာ ငှက်တွေအတွက် အဆိပ်ဖြစ်စေပါတယ်။ စားမိလို့ရှိရင် နှလုံးပျက်စီးတာ၊ အသက်ရှူလမ်းကြောင်း ပြဿနာတွေနဲ့ သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ 

  1. ချောကလက် - ခွေးတွေကြောင်တွေလိုပဲ ငှက်တွေလည်းပဲ ချောကလက်နဲ့ မတည့်ပါဘူး။ သီရိုဘရိုမိုင်း (theobromine) နဲ့ ကဖင်း (caffeine) ဓာတ်ပါတာကြောင့် အက်တစ်ဖြစ်လွန်းတာ၊ နှလုံးအရမ်းမြန်တာ နဲ့ လေဖြတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

  1. ကဖင်း - ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တဲ့ စတဲ့ ကဖင်းပါတဲ့ အရည်တွေက နှလုံးခုန်နှုန်းကို မြင့်တက်စေတာ အက်တစ်အဖြစ်လွန်တာ မျိုးကနေ ရုတ်တရက် နှလုံးခုန်ရပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်တွေက အိမ်တိုင်းသောက်တတ်ကြတာမို့ ငှက်မွေးထားလို့ရှိရင် သူတို့နဲ့ ဝေးဝေးမှာသာ ထားသင့်ပါတယ်။

  1.  အယ်လ်ကိုဟော - နည်းနည်းလေးသောက်မိရင်တောင် အများကြီးအဆိပ်ဖြစ်စေတာကတော့ အရက်ပါပဲ။ အရက်ကြောင့် ငှက်တွေရဲ့ အသည်းပျက်စီးနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ အဆိပ်ဖြစ်စေနိုင်ပါတယ်။ ငှက်တွေက အရွယ်သေးတာကြောင့် အရက်နည်းနည်းဝင်သွားရင်တောင် ဦးနှောက်ပျက်တာ၊ အသည်းပျက်စီးတာနဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေအထိ ဖြစ်တတ်ပါတယ်။

  1. ကြက်သွန်အဖြူ၊ အနီ - ကြက်သွန်မှာ ငှက်တွေရဲ့ သွေးနီဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် အစိမ်းဖြစ်ဖြစ်၊ အကျက်ဖြစ်ဖြစ်၊ အမှုန့်ဖြစ်ဖြစ် နည်းနည်းပဲ စားမိရင်တောင် သွေးအားနည်းစေပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။

  1. ဆား - ဆားက ငှက်တွေကို ရေဓာတ်ခမ်းခြောက်စေပြီး ကျောက်ကပ် အလုပ်လုပ်မလုပ်တော့တာ ကနေ အာရုံကြော ပြဿနာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဆားပါတဲ့ အစားအသောက်မျိုးတွေ ဥပမာ - အာလူးကြော် မကျွေးမိဖို့ ဂရုပြုသင့်ပါတယ်။

  1. နို့ထွက်ပစ္စည်းတွေ - ငှက်တွေက နို့ထွက်ပစ္စည်းတွေမှာ ပါတဲ့ သကြားဓာတ် (လက်တို့စ်) ကို အစာခြေနိုင်စွမ်း မရှိပါဘူး။ ဒါ့ကြောင့် စားမိရင် ဗိုက်မကောင်းတာ၊ ဝမ်းလျှောဝမ်းပျက်ပြီး နေမကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။

  1. မှိုတစ်ချို့ - တည့်တဲ့မှိုလည်း ရှိသလို မတည့်တာတွေလည်း ရှိပါတယ်။ မတည့်တဲ့ တချို့မှိုတွေမှာ ငှက်တွေကို အစာအိမ်ပြဿနာနဲ့ အသည်းပျက်စီးစေနိုင်တဲ့ ဓာတ်တွေပါဝင်တာမို့ ဘယ်မှိုမှ မကျွေးတာတော့ စိတ်အချရဆုံးပါ။

  1. ခရမ်းချဥ်အရွက်နဲ့ ရိုးတံ - ခရမ်းချဥ်သီး အမှည့်နဲ့တော့ တည့်ပေမယ့် အရွက်၊ ရိုးတံနဲ့ ခရမ်းချဥ်သီး အစိမ်းတွေမှာ ဆိုလာနိုင်း (solanine) ဓာတ်ပါဝင်တဲ့အတွက် အစာအိမ်မကောင်းတာနဲ့ နှလုံး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

  1. ဇိုင်လီတောလ် - လူလုပ်ထားတဲ့ သကြားဓာတ် (xylitol) ကို ပီကေ၊ သကြားလုံးနဲ့ ကိတ်၊ ပေါင်မုန့်တွေမှာ တွေ့ရတတ်ပါတယ်။ ဒီဓာတ်ဟာ ငှက်တွေမှာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး အသည်းပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ

တိတွေအတွက် အမှိုက်ပုံးကပေးတဲ့ အန္တရာယ်

တိတွေအတွက် အမှိုက်ပုံးကပေးတဲ့ အန္တရာယ်

အိမ်မှာရှိတဲ့ အမှိုက်ပုံးက သတိမထားရင်တော့ ဘာအန္တရာယ်မှ မရှိဘူးလို့ထင်ရပေမယ့် တိတွေအတွက် ဘေးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ခွေးနဲ့ ကြောင်တွေက အမှိုက်ပုံးထဲက