ငါးကန်ရေ ပုံမှန် စစ်ဆေးပေးဖို့ လိုအပ်တဲ့ အကြောင်းအရင်း
အိမ်မွေးငါးတွေ ကျန်းမာဖို့အတွက် သူတို့နေထိုင်ရာ ငါးကန်သန့်ရှင်းရေးက အလွန်အရေးပါပါတယ်။ ဒီနေရမှာ ပုံမှန် အစာကျွေးပေးပြီး သန့်ရှင်းရေးလုပ်ပေးတာအပြင် ငါးကန်ရေ သန့်ရှငးဖို့လည်း လိုပါသေးတယ်။ ငါးကန်ရေထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေရှိမရှိ ငါးကျန်းမာရေးအတွက် လိုအပ်တဲ့ ကွာလတီဖြစ်မဖြစ်ကို အမြဲတမ်း စစ်ဆေးဖို့လည်း လိုပါတယ်။
ဘာကြောင့် ငါးကန်ရေကို ပုံမှန် စစ်ဆေးပေးဖို့ လိုတာလဲ?
- ငါးကျန်းမာရေး
ငါးတွေဟာ သူတို့ပတ်ဝန်းကျင် အပြောင်းအလဲတွေကို လိုက်ပြီး ထိခိုက်လွယ်ပါတယ်။ နေထိုင်ရာ ရေမသန့်ရင် စိတ်ဖိစီးမှု၊ ဖျားနာတာနဲ့ သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
- အဆိပ်အတောက်တွေကနေ ကာကွယ်ပေးတယ်
ငါးတွေ စွန့်ထုတ်တဲ့ အညစ်အကြေးတွေ၊ အစာအကြွင်းအကျန်နဲ့ အပင်သေတွေက အမိုးနီးယား နိုက်တရိတ်၊ နိုက်တရိုက် စတာတွေကို ထုတ်လွှတ်ပါတယ်။ ဒီဓာတ်တွေက ငါးတွေအတွက် အဆိပ်ဖြစ်ပြီး မဖယ်ရှားရင် အန္ဒရာယ်ဖြစ်စေပါတယ်။
- ရေရဲ့ လိုအပ်ချက်တဲ့ ဟန်ချက်ကို ထိန်းသိမ်းပေးတယ်
ငါးတွေနေထိုင်လို့ရတဲ့ ရေဖြစ်ဖို့ လိုအပ်တဲ့ pH, သိပ်သည်းဆနဲ့ အပူချိန်တွေရှိပါတယ်။ ငါးတွေဟာ ဒီလိုအပ်ချက်တွေ အပေါ်မှာ မှီခိုမှူများတာကြောင့် ရေကိုပုံမှန် စစ်ဆေးပေးဖို့ လိုအပ်ရခြင်းပါ။
ငါးကန်ရေအတွက် ဘာတွေ စစ်ဆေးပေးဖို့ လိုအပ်တာလဲ?
- အမိုးနီးယား (NH3/NH4)
- နိုက်တရိုက် (NO2-)
- နိုက်တရိုတ် (NO3-)
- pH အဆင့်
- ရေသိပ်သည်းဆ (GH & KH)
- အပူချိန်
ဘယ်လို စစ်ဆေးရမလဲ?
1). ပထမဆုံးအနေနဲ့ စစ်ဆေးဖို့ ကိရိယာ (Test kit) လိုပါတယ်။ ဒီနေရာမှာ Test strip နဲ့ Liquid Test ဆိုပြီး နှစ်မျိုးရှိပါတယ်။ Test Strip Kit က အသုံးပြုရလွယ်ကူပေမယ်ြ ရေရဲ့ တချို့ အခြေအနေတွေကိုတော့ မစမ်းသပ်ပေးနိုင်ပါဘူး။ Liquid Test Kit ကတော့ ပိုတိကျပြီး အခြေအနေအကုန်လုံးကို စစ်ဆေးနိုင်ပါတယ်။
2). ဒုတိယအဆင့်ကတော့ ကိုယ်ရွေးချယ်ထားတဲ့ Test kit အလိုက် ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရပါမယ်။ သန့်ရှင်းတဲ့ ခွက်တစ်ခုနဲ့ ငါးကန်ရေထဲက ရေအလုံအလောက်ကို ခပ်ယူပြီးရင် စစ်ဆေးလို့ရပါပြီ။
3). တတိယအဆင့်အနေနဲ့ကတော့ ရတဲ့ အဖြေတွေကို မှတ်သားထားဖို့ပါပဲ။ ဒါဟာ စမ်းသပ်တဲ့ အခါတိုင်း လုပ်ဖို့ လိုအပ်ပြီး ဒါမှသာ တစ်ခုခုက အမြဲမှားနေတယ်ဆိုရင် ပြဿနာကို မြင်တွေ့ပြီး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
စစ်ဆေးပြီးလို့ ရလာတဲ့ အဖြေတွေအလိုက် မမှန်တဲ့ ရေရဲ့ အခြေအနေကို ထိိန်းညှိသင့်ပါတယ်။ တစ်ပတ်ကို တစ်ခါပုံမှန် စစ်ဆေးနိုင်ရင် အကောင်းဆုံးပါပဲ။
ငါးတွေအတွက် သူတို့နေထိုင်ရာ ငါးကန်ရေက ကျန်းမာရေးအတွက်အရေးကြီးဆုံးပါပဲ။ ဒါ့ကြောင့် ပုံမှန်စစ်ဆေးထိန်းညှိပေးဖို့ အရေးကြီးတာမို့ ဒီအချက်တွေက ငါးမွေးထားသူ တိချစ်သူအားလုံးအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နော်။