ငါးတွေ ရေထဲမှာ ဘယ်လိုအသက်ရှူနိုင်တာလဲ?

ငါးတွေ ရေထဲမှာ ဘယ်လိုအသက်ရှူနိုင်တာလဲ?
Photo by Brian Wangenheim / Unsplash

ကုန်းနေသတ္တဝါတွေက ရေထဲမှာ အချိန်ကြာကြာနေရင် အသက်မရှူနိုင်ဘဲ မွန်းကြပ်လာကြပေမယ့် ငါးတွေက ရေထဲမှာအသက်ရှူနိုင်ပြီး ရေထဲမှာပဲ အသက်ရှင်နိုင်ကြတာ အံ့သြဖို့ကောင်းပါတယ်။ ဒါဟာ ငါးတွေရဲ့ ထူးခြားတဲ့ အသက်ရှူလမ်းကြောင်းဖွဲ့စည်းပုံကြောင့် ရေထဲကနေ အောက်ဆီဂျင်ကိုထုတ်ပြီး အသက်ရှူနိုင်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒါဆိုရင် ငါးတွေဟာ ဘယ်လိုအ သက်ရှူလမ်းကြောင်းဖွဲ့စည်းပုံကြောင့် ဘယ်လို ရေထဲက အောက်ဆီဂျင်ကို ထုတ်ပြီး အသက်ရှူနိုင်တာလဲဆိုတာ တိချစ်သူတို့အတွက် အသေးစိတ်ရှင်းပြပေးမယ်နော် …

ငါးအသက်ရှူလမ်းကြောင်းရဲ့ အခြေခံသဘောတရား

လူတွေလိုပဲ ငါးတွေက အသက်ရှူဖို့ အောက်ဆီဂျင် လိုအပ်ပါတယ်။ ဒါပေမယ့် လူတွေလို လေထဲက အောက်ဆီဂျင်ကိုယူတာမဟုတ်ဘဲ ရေထဲက အောက်ဆီဂျင်ယူပြီး အသက်ရှူကြတာပါ။ ငါးတွေမှာ ဒီလိုလုပ်နိုင်အောင် အဓိကစွမ်းဆောင်ပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ ပါးဟက်တွေပါပဲ။ ပါးဟက်တွေဟာ ရေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပေးကာ အောက်ဆီဂျင်ကို စုပ်ယူနိုင်အောင် လုပ်ပေးနိုင်တဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ငါးတွေ အသက်ရှူနိုင်အောင် ပါးဟက်တွေက ဘယ်လိုလုပ်ပေးလဲ?

ငါးပါးဟက်တွေဟာ သေးမျှင်ပြီး ငှက်မွှေးပုံစံရှိတဲ့ ပါးဟက်အမျှင် (gill filament) လေးတွေ အများကြီးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအမျှင်လေးတွေမှာ ပိုပြီးသေးတဲ့ ပါးဟက်အသေး (gill lamellae) တွေပါပြီး အောက်ဆီဂျင်စုပ်ယူရာတဲ့ အဓိကနေရာတွေအဖြစ် တာဝန်ယူထားကြပါတယ်။ 

  • ပထမဆုံးအနေနဲ့ ငါးက ရေကို ပါးစပ်ထဲ ထည့်လိုက်ပြီး ပါးဟက်တွေဆီ တွန်းပို့လိုက်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ ငါးတွေက တဖျပ်ဖျပ်လှုပ်ရှားနိုင်တဲ့ “operculum” လို့ခေါ်တဲ့ အစိတ်အပိုင်းကို သုံးရပြီး ပါးဟက်တွေကို ဖုံးအုပ်ထားပြီး ကာကွယ်ပေးထားတဲ့ အစိတ်အပိုင်းတစ်ခုပါ။
  • ဒုတိယအဆင့်မှာ ခုနက တွန်းပို့လိုက်တဲ့ ရေတွေဟာ ပါးဟက်အမျှင်တွေဆီရောက်သွားပြီး ရေထဲက အော်ကဆီဂျင်တွေက ပါးဟပ်အမျှင်တွေရဲ့ အလွှာပါး (membrane) တွေကနေတစ်ဆင့် ငါးရဲ့ သွေးလမ်းကြောင်းထဲ ရောက်သွားပါတယ်။
  • တစ်ချိန်တည်းမှာပဲ အသက်ရှူဖို့အတွက် မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကတော့ ငါးရဲ့ သွေးထဲကနေတစ်ဆင့် ရေထဲကို ပြန်ရောက်သွားပါတယ်။ ဒီအချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ပါးဟက်ကနေ ထုတ်လိုက်တဲ့ ရေတွေထဲကနေ ပတ်ဝန်းကျင်ထဲကို ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။

ငါးတွေ ရေထဲမှာ ဆက်တိုက်ဘယ်လို အသက်ရှူနိုင်လဲ?

  • ငါးပါးဟက်ထဲကို ရေဝင်လာတဲ့အခါ ပါးဟက်အမျှင်ထဲက သွေးတွေက ဝင်လာတဲ့ရေနဲ့ ဆန့်ကျင်ဘက် လမ်းကြောင်းကို စီးပါတယ်။
  • ဒီလို ဆန့်ကျင်ဘက်စီးနေတဲ့လမ်းကြောင်းက ပါးဟပ်ထဲကမှာ ရှိတဲ့ရေတွေရဲ့ အောက်ဆီဂျင်ပါဝင်မှုက ပါးဟပ်ထဲက သွေးတွေထက် ပိုများနေအောင် ဖိအားဖြစ်စေပါတယ်။
  • ဒီအခါမှာ အောက်ဆီဂျင်က ငါးရဲ့ သွေးကြောထဲမှာ အဆက်မပြတ်စီးဆင်းနေနိုင်ပြီး အသက်ရှူနိုင်ကြတာ ဖြစ်ပါတယ်။
  • ဒါ့ကြောင့် ငါးတွေဟာ ကုန်းပေါ်ရောက်တဲ့အခါ ပါးဟပ်ထဲကို ဝင်နိုင်ဖို့ ရေမရှိတဲ့အခါ အောက်ဆီဂျင်ဖန်တီးဖို့လည်း မဖြစ်နိုင်တော့တာမို့ အသက်မရှူနိုင်တော့ဘဲ သေဆုံးကြတာဖြစ်ပါတယ်။

ကဲ … ဒါဆိုရင် ငါးတွေ ရေထဲမှာ ဘယ်လို အသက်ရှူနိုင်ကြတာလဲ နားလည်သွားလောက်ပြီလို့ ထင်ပါတယ်နော်။ တိချစ်သူအားလုံး မသိသေးတဲ့ ဗဟုသုတတစ်ခု ရသွားလိမ့်မယ်လို့ pet.com.mm ကနေ မျှော်လင့်ပါတယ်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ