သီတင်းကျွတ်အတွင်း ကြောင်လေးတွေ လုံခြုံစေဖို့

သီတင်းကျွတ်အတွင်း ကြောင်လေးတွေ လုံခြုံစေဖို့
Photo by Sabri Tuzcu / Unsplash

မကြာခင်မှာ လာတော့မယ့် သီတင်းကျွတ်ပွဲတော်မှာ ကြားရလေ့ရှိတဲ့ မီးရှူးမီးပန်းနဲ့ ဗျောက်အိုးသံတွေကြောင့် အိမ်မွေးကြောင်လေးတွေ အထိတ်တလန့်ဖြစ်စေနိုင်ပါတယ်။ အသံကျယ်ကျယ်နဲ့ မီးတွေကြောင့် ကြောက်စိတ်၊ ဇဝေဇဝါဖြစ်ခြင်းနဲ့ စိုးရိမ်စိတ်တွေ ဖြစ်စေနိုင်တာမို့ သီတင်းကျွတ်အတွင်း ကြောင်လေးတွေကို ဘယ်လိုစိတ်ငြိမ်ပြီး လုံခြုံအောင် လုပ်ပေးနိုင်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

1. လုံခြုံတဲ့ နေရာတစ်ခု စီစဥ်ထားပါ

  • အသံလုံပြီး သက်တောင့်သက်သာရှိတဲ့ ဥပမာ - ပြတင်းပေါက်တွေနဲ့ ဝေးတဲ့ အခန်းမျိုးမှာ နေရာတစ်ခု စီစဥ်ထားနိုင်ပါတယ်။ သူတို့အကြိုက်ဆုံး စောင်၊ အရုပ်လေးတွေထားပေးတာမျိုးက ရင်းနှီးတဲ့ အနံ့ကြောင့် ပိုပြီး စိတ်ငြိမ်စေဖို့ ပိုပြီးအကူအညီဖြစ်စေမှာပါ။
  • အသံတွေကြောင့် ကြောက်လန့်တဲ့အခါ ပုန်းနိုင်ဖို့ သေတ္တာ၊ ပုံး (သို့) စက္ကူပုံးတွေ ထားပေးတာကလည်း သူတို့အတွက် စိတ်လုံခြုံမှု ပိုပေးနိုင်ပါတယ်။
  • မီးရှူးမီးပန်းတွေက အလင်းရောင်တွေ မမြင်နိုင်တာမို့ ပြတင်းပေါက်ပိတ်ထားတာ၊ ခန်းဆီးကာတာမျိုးလည်း လုပ်နိုင်ပါတယ်။

2. ကြောင်ကို စိတ်ငြိမ်ဖို့ အကူအညီပေးပါ

  • စိတ်ငြိမ်စေတဲ့ သံစဥ်အေးအေးနဲ့ သီချင်းမျိုးတွေ ဖွင့်ပေးထားက အပြင်မှာကြားနေရတဲ့ အသံကျယ်ကျယ်လောင်လောင်တွေကနေ အာရုံလွှဲစေနိုင်ပြီး စိတ်ငြိမ်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။
  • သူတို့တွေကို စိတ်ငြိမ်စေချင်ဇောနဲ့ အတင်းကိုင်တာ၊ ဖမ်းတာမျိုး မလုပ်ပါနဲ့။ ကြောက်နေတဲ့အချိန်မှာ ဒီလိုလုပ်ခြင်းက ပိုမိုဆိုးရွားစေနိုင်တာမို့ အသံနူးနူးညံ့ညံ့မျိုးနဲ့ စကားပြောတာမျိုးပဲ လုပ်ပေးပါ။
  • နည်းနည်းငြိမ်သွားပြီဆိုရင် ကြောင်နားမှာထိုင်ပြီး သပ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

3. အာရုံပြောင်းဖို့ လုပ်ပါ

  • အပြင်က အသံနဲ့ အလင်းရောင်တွေကနေ အာရုံပြောင်းဖို့ ငှက်မွှေး၊ လေဆာညွန်တံ (Laser Pointer) မျိုးနဲ့ ဆော့ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ 
  • ဉာဏ်စမ်းပါတဲ့ အရုပ်လေးတွေ နှိပ်တဲ့အခါ အရုပ်ထွက်လာတဲ့ အရုပ်လေးတွေနဲ့ အလုပ်ရှုပ်နေခြင်းကလည်း အပြင်က အသံနဲ့ အလင်းရောင်တွေကို အာရုံမစိုက်မိစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။

4. အိမ်ထဲမှာ လုံခြုံစွာနေနိုင်ဖို့ လုပ်ပါ

  • အသံတွေကြောင့် လန့်ပြီး အိမ်ထဲကနေ ထွက်မသွားဖို့ ပြတင်းပေါက်နဲ့ တံခါးတွေကို သေချာပိတ်ထားသင့်ပါတယ်။
  • မတော်တဆ ပျောက်သွားနိုင်တဲ့ ဖြစ်နိုင်ခြေကြောင့် ပိုင်ရှင်ဖုန်းနံပါတ်ပါတဲ့ လည်ဆွဲ ချိတ်ပေးထားတာ၊ နေရာကို ခြေရာခံနိုင်တဲ့ Airtag တပ်ပေးထားဖို့ကိုလည်း မမေ့စေချင်ပါဘူး။
  • အိမ်တံခါးမှာ ကြောင်ဝင်ပေါက်ရှိလို့ရှိရင် တံခါးတွေ ပိတ်ထားပေမယ့် အဲ့ကနေ ထွက်သွားနိုင်တဲ့အတွက် ပိတ်ထားဖို့လိုပါတယ်။

5. လိုအပ်ရင် ဆရာဝန်နဲ့ ပြသပါ

  • အပေါ်ကအချက်တွေ လုပ်ပေမယ့်လည်း အကယ်၍ ကြောင်က အရမ်းကြောက်နေသေးရင် ပြနေကျ ဆရာဝန်ကို ဆက်သွယ်ပြီး အကြံတောင်းနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြောက်စိတ်ကို ဖြေလျှော့ပေးနိုင်တဲ့ ဆေးပေးတာ၊ ဒါမှမဟုတ် အခြားဆေးတွေကို အကြံပြုချက်အတိုင်း တိုက်ပေးနိုင်ပါတယ်။

ကြောင်လေးတွေအများစုက လန့်လွယ်တတ်ကြတာကြောင့် မီးရှူးမီးပန်းနဲ့ ဗျောက်သံတွေက သူတို့အတွက် စိတ်ဖိစီးမှုတွေ ဖြစ်တတ်ပါတယ်။ ကြောင်မွေးထားသူတွေအနေနဲ့ အပေါ်ကအချက်တွေအတိုင်း သီတင်းကျွတ်အတွင်း စိတ်ငြိမ်ပြီး လုံခြုံအောင်လုပ်ပေးနိုင်ပြီး ပျော်ရွှင်ဖွယ် သီတင်းကျွတ် အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေနော် …

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ