ယုန်လေး လည်ပတ်နဲ့ လမ်းလျှောက်တတ်ဖို့

ယုန်လေး လည်ပတ်နဲ့ လမ်းလျှောက်တတ်ဖို့
Photo by Diana Măceşanu / Unsplash

ယုန်တစ်ကောင်ကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်တတ်ဖို့ သင်ပေးတာက ပျော်ဖို့ကောင်းပြီး ဟူးမန်းနဲ့ ယုန်တို့ကြားက ခင်မင်မှုကိုလည်း တိုးစေနိုင်ပါတယ်။ ယုန်ကို သင်ပေးရတာက ခွေးတွေ၊ ကြောင်တွေနဲ့ အပြုအမူပိုင််းမှာ ကွာခြားနိုင်ပေမယ့် သူတို့ကိုလည်း လည်ပတ်နဲ့ လမ်းလျှောက်တတ်ဖို့ သင်ပေးလို့ရပါတယ်။ ဒါဆို ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာ တစ်ဆင့်ချင်း ကြည့်လိုက်ရအောင် …

  1. သင့်တော်တဲ့ လည်ပတ်ကြိုး ရွေးချယ်မယ်

မလေ့ကျင့်ခင်မှာ အရေးကြီးတဲ့ ပထမအဆင့်ကတော့ သင့်တော်တဲ့ လည်ပတ်ကြိုးမျိုး ရွေးချယ်တာပါပဲ။ လည်ပတ်ကြိုးအမျိုးအစားတိုင်းက ယုန်တွေအတွက် မသင့်တော်ပါဘူး။ ဒါ့ကြောင့် သက်တောင့်သက်သာလည်းရှိပြီး သူတို့အတွက် သီးသန့်ထုတ်ထားတာမျိုး ရွေးတယ်သင့်ပါတယ်။ ဒီနေရာမှာ လည်ပတ်ကြိုးဆိုပေမယ့် လည်ပင်းကိုပတ်တဲ့ ကြိုးမျိုး မရွေးစေချင်ပါဘူး။ ယုန်တွေက နုနယ်တာကြောင့် လည်ပင်းပတ်တဲ့ ကြိုးတွေက အနာတရဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစား ရင်ဘတ်နဲ့ ခန္ဓာကိုယ်ကို ပတ်တဲ့ ကြိုးတွေက ပိုအဆင်ပြေတာမို့ ဒီလိုအမျိုးအစားကို ရွေးချယ်ပါ။ ခန္ဓာကိုယ်ကို သေချာပတ်နိုင်ပြီး အရမ်းလည်း မကျပ်၊ အရမ်းလည်းမချောင်တဲ့ ဆိုဒ်ကို ရွေးချယ်တာ အကောင်းဆုံးပါနော်။

  1. လည်ပတ်ကြိုးနဲ့ မိတ်ဆက်ပေးမယ်

ယုန်တွေက သတိကြီးတဲ့ တိတွေဖြစ်တာကြောင့် ပစ္စည်းအသစ်တွေဆိုရင် ချက်ချင်းလက်မခံတတ်ကြပါဘူး။ ဒါ့ကြောင့် မလေ့ကျင့်ခင်မှာ အရင်ဆုံး လည်ပတ်ကြိုးကို အရင်အနံ့ခံခိုင်းပြီး ရင်းနှီးအောင် အရင်လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတဲ့ အခါမှာလည်း မုန့်ကျွေးပြီးဆုချတာမျိုး လုပ်ရင် လည်ပတ်ကြိုးနဲ့ ကောင်းတဲ့အရာတွေကို တွဲမြင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ လည်ပတ်ကြိုးကို မစိမ်းတော့ဘူးဆိုရင် အိမ်ထဲမှာပဲ လည်ပတ်ကြိုးကို ပတ်ပေးထားပါ။ စစချင်းမှာတော့ ခဏပဲပတ်ပေးပြီး အချိန်ကို ဖြည်းဖြည်းချင်း တိုးသွားပေးပါ။ ပတ်ပေးပြီးတိုင်းမှာ မုန့်ကျွေးပြီး ဆုချဖို့ကိုလည်း မမေ့စေချင်ပါဘူး။

  1. အိမ်ထဲမှာ အရင် လေ့ကျင့်ပေးမယ်

အပေါ်ကတစ်ဆင့်ပြီးသွားလို့ လည်ပတ်ကြိုးနဲ့ နေတတ်သွားပြီဆိုရင် အိမ်ထဲမှာ အရင်လေ့ကျင့်ပေးလို့ရပါပြီ။ လည်ပတ်ကြိုးကို ပတ်ပေးထားပြီး အိမ်ထဲမှာ အရင်လျှောက်သွားခိုင်းပါ။​ ဒီလိုလုပ်ပေးတာဟာ လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ရတာကို သက်တောင့်သက်သာဖြစ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ သက်တောင့်သက်တာဖြစ်ပြီဆိုရင် ကြိုးကို နောက်ကနေ အသာအယာပဲ စဆွဲပြီး ယုန်ကို လမ်းလျှောက်စေပါ။ သူတို့ကို လန့်အောင်၊ အနာတရမဖြစ်အောင် ကြိုးကို ဆွဲထားတာ (သို့) ဆောင့်ဆွဲတာမျိုး မလုပ်ဘဲ အသာအယာပဲ ကိုင်ထားရပါမယ်။

  1. ယုန်လမ်းလျှောက်တဲ့ အရှိန်အတိုင်း လေ့ကျင့်ပေးပါ

ယုန်တွေက လမ်းလျှောက်တဲ့အခါ ကိုယ်ပိုင်အရှိန်ရှိပြီး ခွေးတွေလို မြန်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ရှည်ရှည်နဲ့ သူတို့လျှောက်တဲ့ အရှိန်အတိုင်း လိုက်လျှောက်ဖို့ လိုပါတယ်။ ယုန်ကို ရှေ့ကသွားခိုင်းပြီး သူတို့စိတ်ကြိုက် စူးစမ်းလေ့လာခိုင်းပါ။ ပိုင်ရှင်ကနေ ဟိုနေရာ၊ ဒီနေရာသွားဖို့ ဖိအားပေးတယ်ဆိုရင် သူတို့အတွက် စိတ်ဖိစီးမှု ဖြစ်နိုင်ပါတယ်။ အကယ်၍ တစ်နေရာရာကို မသွားစေချင်ဘူးဆိုရင် မုန့်ကျွေးပြီး လမ်းကြောင်းပြောင်းဖို့ ညင်ညင်သာသာပဲ တိုက်တွန်းသင့်ပါတယ်။ လည်ပတ်ကြိုးကို ဆွဲပြီး ပြောင်းခိုင်းတာကတော့ လုံးဝမလုပ်သင့်ပါဘူး။ ဒီလိုလေ့ကျင့်ပေးရာမှာ အချိန်နည်းနည်းနဲ့ ခဏခဏ လုပ်ပေးဖို့လိုပြီး ခဏနဲ့ တတ်လွယ်မှာမဟုတ်တဲ့အတွက် စိတ်ရှည်ရှည်ထားပေးရပါမယ်။

  1. လုံခြုံမှုရှိပြီး အကာရှိတဲ့ ပတ်ဝန်းကျင်မှာ လေ့ကျင့်ပေးပါ

ယုန်က အိမ်ထဲမှာ လည်ပတ်နံ့ လမ်းလျှောက်လို့ အသားကျသွားပြီဆိုရင် အပြင်ဘက်မှာ လမ်းလျှောက်ကျင့်ပေးလို့ ရပါပြီ။ တိတ်တိတ်ဆိတ်ဆိတ်ရှိပြီး ကားသံ၊ ဆူညံသံတွေနဲ့ ဝေးရာ နေရာမျိုးမှာ အရင်လေ့ကျင့်ပေးပါ။ နောက်ဖေးခြံ ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်တဲ့ ပန်းခြံမျိုးဆိုရင် အဆင်ပြေပါတယ်။ အဆိပ်ဖြစ်နိုင်တဲ့ အပင်တွေ၊ အနာတရဖြစ်နိုင်တဲ့ အချွန်တွေ၊ ဖန်ကွဲစတွေ ရှိရင် ကြိုရှင်းထားတာ အကောင်းဆုံးပါ။ ပထမဆုံး အပြင်ထွက်တာဆိုရင် ယုန်တွေက သားကောင်တိလေးတွေ ဖြစ်တာကြောင့် လူသံ၊ ကားသံတွေကြောင့် လန့်တတ်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ အခြေအနေကို အမြဲစောင့်ကြည့်ပေးဖို့လည်း မမေ့ပါနဲ့။

ဒီအဆင့်မှာ သက်တောင့်သက်တာ ဖြစ်သွားပြီဆိုရင် ဖြည်းဖြည်းချင်း အပြင်ဘက်မှာ လမ်းလျှောက်ထွက်ပေးလို့ရပါပြီ။ ဒါပေမယ့် ယုန်တစ်ကောင်နဲ့ တစ်ကောင် မတူနိုင်တာမို့ သူတို့လုပ်နိုင်သလောက်ဘဲ လေ့ကျင့်ပေးသင့်ပါတယ်။ ကြောက်တာ၊ ကြက်သေသေတာ၊ လည်ပတ်ကြိုးကနေ ရုန်းတာမျိုး လုပ်တယ်ဆိုရင် အတင်းအကြပ် ဆက်မလေ့ကျင့်ဘဲ ချက်ချင်းရပ်လိုက်တာ အကောင်းဆုံးပါ။ စစချင်းမှာ တစ်ခါလေ့ကျင့်ရင် (၁၀) မိနစ်ကနေ (၁၅) မိနစ်ထိသာ ဖြစ်သင့်ပြီးတော့ လေ့ကျင့်ပြီးတိုင်း ချီးကျူးစကားပြောပေးဖို့နဲ့ မုန့်ကျွေးပြီး ဆုချဖို့ကိုလည်း မမေ့စေချင်ပါဘူးနော် …

ယုန်လေးတွေကို လည်ပတ်နဲ့ လမ်းလျှောက်တတ်ဖို့ဟာ လေ့ကျင့်မှုနဲ့ စိတ်ရှည်ဖို့ လိုပါတယိ။ ဒါပေမယ့် သူတို့လည်း အပြင်လောကကို စူးစမ်းလို့ရတယ်၊ သခင်နဲ့ ခင်မင်ရင်းနှီးမှုကိုလည်း တိုးစေတာကြောင့် ပြန်ရတဲ့ အကျိုးကလည်း များတာမို့ ယုန်မွေးထားတဲ့ တိချစ်သူတွေ ကြိုးစားကြည့်ကြဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ