ယုန်လေးတွေအကြောင်းတစေ့တစောင်း

ယုန်လေးတွေအကြောင်းတစေ့တစောင်း
Photo by Katelyn Greer / Unsplash

ချစ်ဖို့လည်းကောင်းပြီး လူမွေးများတဲ့ အိမ်မွေးတိလေးတွေထဲမှာ ယုန်လေးတွေကလည်း လူကြိုက်များတဲ့ အိမ်မွေးတိလေးတွေပဲနော်။ ယုန်တွေဟာ သွက်သွက်လက်လက်နဲ့ ဆော့ရတာကြိုက်ပြီး မျိုးစိတ်ပေါင်း (၅၀) ကျော်တောင်ရှိပါတယ်။ မျိုးစိတ်တိုင်းက အရောင်၊ အရွယ်အစားနဲ့ ပုံစံလေးတွေ ကွဲပြားပြီး တစ်မျိုးစီ ချစ်ဖို့ကောင်းတာကြောင့် ကမ္ဘာအနှံ့မှာ ယုန်ချစ်သူတွေ ပေါများကြပါတယ်။ ဒီလို ချစ်ဖို့ကောင်းတဲ့ ယုန်လေးတွေနဲ့ နာမည်ကြီးတဲဲ့ မျိုးစိတ်တချို့ အကြောင်းကို pet.com.mm နဲ့အတူ သေချာလေ့လာကြည့်လိုက်ရအောင်နော်။

“ယုန်တွေရဲ့ သဘာဝ”

ယုန်တွေက Leporidae လို့ခေါ်တဲ့ သွေးနွေးသတ္တဝါ မိသားစုဝင်တွေဖြစ်ပြီးတော့ အပင်စားသတ္တဝါတွေဖြစ်ပါတယ်။ တော်တော်များများက ယုန်တွေဆိုရင် မုန်လာဥ အဓိကစားတယ်လို့ ထင်ကြပေမယ့် သူတို့ရဲ့ အဓိက အစားအစာက မြက်ခြောက်လို့ ခေါ်တဲ့ Hay ပါ။ ယုန်တွေကို အိမ်မွေးတိအနေနဲ့ မွေးမယ်ဆိုရင် အာဟာရအတွက် မြက်ခြောက် အဓိက ကျွေးဖို့လိုပြီး ရံဖန်ရံခါ အသီးအရွက်နဲ့ အစာခြောက် (pallet) တွေ ကျွေးပေးရပါတယ်။ 

ယုန်လေးတွေဟာ လူတွေ အခြားယုန်တွေနဲ့ နီးနီးကပ်ကပ် နေရတာကြိုက်ပြီး တစ်ကောင်တည်းဆိုရင် အထီးကျန်တတ်ကြတဲ့ Social Animal တွေပါ။ သူတို့ဟာ ဉာဏ်ကောင်းတာကြောင့် ထိုင်၊ ထ၊ လှည့်၊ လက်ပေး စတာတွေနဲဲ့ အပေါ့အလေး စည်းကမ်းတကျ သွားတတ်အောင် သင်ပေးလို့ရပါတယ်။

“နာမည်ကြီးတဲ့ ယုန်မျိုးစိတ်တွေ”

အိမ်မွေးတိ အနေနဲ့ အမွေးများတဲ့ ယုန်မျိုးစိတ် တချို့ကတော့

  1. Netherland Dwarf (နယ်သာလန် ယုန်ပု)

အရွယ်အစားသေးပြီး (၁) ပေါင်ကနေ (၂) ပေါင်ခွဲ အထိသာ ရှိကြတဲ့အတွက် အသေးဆုံး ယုန်မျိုးစိတ်ထဲမှာ ပါပါတယ်။ Netherland Dwarf တွေဟာ နားရွက်တိုတို၊ မျက်လုံးကြီးကြီး၊ ခန္ဓာကိုယ်သေးသေးရှိကြတာမို့ အရမ်းချစ်ဖို့ကောင်းပြီး ဆော့ရတာကြိုက်ပြီး သွက်တဲ့ ယုန်လေးတွေပါ။ ဒါပေမယ့် ခန္ဓာကိုယ်သေးတာကြောင့် နုနယ်တဲ့အတွက် ဂရုတစိုက် ကိုင်တွယ်ဖို့ လိုပါတယ်။

  1. Holland Lop (ဟော်လန် လော့ပ်)

နားရွက်မထောင်တဲ့ ယုန်တွေလို့ လူသိများပြီး အရွယ်အစားအားဖြင့် (၂) ပေါင်ကနေ (၄) ပေါင်ထိ​ ရှိကြပါတယ်။ လူခင်တတ်တဲ့ ဒီ Holland Lop ယုန်တွေဟာ ခန္ဓာကိုယ်ထွားပြီး တိုပြီး ထူတဲ့ အမွေးတွေ ပိုင်ဆိုင်ကြပါတယ်။ လူခင်တတ်ပြီး ကလေးတွေနဲ့အဆင်ပြေတဲ့ ယုန်လေးတွေဖြစ်တဲ့အတွက် မိသားစုနဲ့ ပူးပူးကပ်ကပ်နေလို့ အဆင်ပြေတဲ့ ယုန်လေးတွေပါ။ 

  1. Flemish Giant (ယုန်ဘီလူး)

ယုန်ဘီလူးဆိုတဲ့အတိုင်း ခွေးတစ်ကောင်လောက် အရွယ်အစားရှိတဲ့ ယုန်မျိုးစိတ်ကတော့ Flemish Giant ပါ။ (၁၅) ကနေ ပေါင် (၂၀) လောက်ထိရှိတာကြောင့် ကြီးမားတဲ့ အရွယ်အစားရှိပေမယ့် ညင်သာပြီး အေးဆေးနေတတ်ကြတဲ့ ယုန်လေးတွေဖြစ်ပါတယ်။ Flemish Giant ယုန်တွေဟာ တခြားယုန်တွေထက် ကြီးတာကြောင့် သွားလာလှုပ်ရှားဖို့ နေရာပိုလိုပြီး အစာလည်း ပိုစားကြတဲ့ ယုန်မျိုးစိတ်ဖြစ်ပါတယ်။

  1. Lionhead Rabbit 

ခြင်္သေ့ခေါင်း (lionhead) ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ခေါင်းနားမှာ လည်ဆံမွေးလိုမျိုး အမွေးဖားဖားနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ယုန်မျိုးစိတ်ပါ။ အရွယ်အနေနဲ့ (၂.၅) ပေါင်ကနေ (၃.၅) ပေါင်ထိသာ ရှိတာမို့ သေးတဲ့ ယုန်အမျိုးအစားထဲပါပါတယ်။ Lionhead ယုန်လေးတွေဟာ လူခင်တတ်ပြီး ပတ်ဝန်းကျင်ကို စပ်စုရတာ ကြိုက်ကြပါတယ်။ Lionhead တွေဟာ အမွေးရှည် ယုန်လေးတွေဖြစ်တာကြောင့် အမွေးထုံးတာ၊ ကပ်တာတွေ မဖြစ်ဖို့အတွက် ပုံမှန် အမွေးဖြီးပြီး သပေးဖို့တော့လိုပါတယ်။

  1. Rex Rabbit

Rex ယုန်မျိုးစိတ်ကတော့ ကတ္တီပါသားလို နူးညံ့တဲ့ အမွေးရှိတဲ့ ယုန်တွေအဖြစ် လူသိများကြပါတယ်။ ဉာဏ်ကောင်းကြပြီး အေးဆေးရှိကြတာမို့ ထိန်းရတာ လွယ်တဲ့အတွက် ကလေးရှိတဲ့ မိသားစုတွေ မွေးလို့ အဆင်ပြေတဲ့ ယုန်လေးတွေပါ။ အရွယ်အားဖြင့် (၇) ပေါင်ကနေ (၁၀) ပေါင် အထိရှိကြပြီး သူတို့လည်းပဲ အမွေးလှအောင်၊ ကျန်းမာအောင် ပုံမှန်ဖြီးပေး၊ သပေးဖို့လိုတဲ့ မျိုးစိတ်ပါ။

ယုန်မွေးတော့မယ်ဆိုရင် ဘာတွေ သိထားသင့်လဲ?

  • တော်တော်များများက ယုန်ဆိုရင် လှောင်အိမ်ထဲမှာပဲ ပိတ်ထားလို့ရတဲ့ တိလေးတွေလို့ ထင်တတ်ကြပါတယ်။ အမှန်တော့ ယုန်လေးတွေဟာလည်း အခြားအိမ်မွေးတိတွေလိုပဲ လူတွေနဲ့ နေရတာကြိုက်ပြီး ပြေးလွှားဆော့ကစားရတာ ကြိုက်တဲ့ တိလေးတွေပါ။ ဒါ့ကြောင့် လှောင်အိမ်ခပ်ကြီးကြီးနဲံ သူတို့ဆော့ဖို့ နေရာတစ်ခုထားပေးပြီး မွေးသင့်ပါတယ်။ 
  • အစာကျွေးတဲ့အခါမှလည်း အပေါ်မှာ ပြောခဲ့သလို မုန်လာဥပဲ ကျွေးလို့မရပါဘူး။ အဓိကကျွေးရမယ့် အစားအစာက မြက်ခြောက် (hay) ဖြစ်ပြီးတော့ အခြားအသီးအရွက်နဲ့ အစာခြောက် (pallet) ကို သွားရည်စာ အနေနဲ့သာ ကျွေးသင့်ပါတယ်။ ယုန်တွေဟာ မတည့်တဲ့ အစားအစာများတဲ့အတွက် အသီးအရွက်တစ်ခုခု မကျွေးခင်မှာ ရမရ အရင်လေ့လာပြီးမှ ကျွေးသင့်ပါတယ်နော်။
  • ယုန်တွေမှာ အမွေးထုံးတာ၊ ခြောက်ပြီးကပ်သွားတာကြောင့် အရေပြားအနာတွေဖြစ်တာ စတဲ့ ပြဿနာတွေ အဖြစ်များတာကြောင့် ပုံမှန် အမွေးဖြီးပေး၊ သပေး၊ ခြေသည်း ညှပ်ပေးဖို့လည်း လိုအပ်ပါတယ်။ 
  • ယုန်တွေဟာ လူတွေနဲ့ နေရတာကြိုက်တဲ့ Social Animal တွေဖြစ်ပါတယ်။ ဒါကြောင့် တစ်ကောင်တည်း ကြာကြာပစ်ထားမယ်ဆိုရင် အထီးကျန်တတ်ကြတာကြောင့် သူတို့လေးတွေနဲ့ နီးနီးကပ်ကပ်နေပေးဖို့ကိုလည်း မမေ့စေချင်ပါဘူး။
  • နောက်ဆုံးအချက်အနေနဲ့ ယုန်တွေရဲ့ သွားကြီးထွားနှုန်းက အရမ်းမြန်တာကြောင့် တချို့ယုန်တွေမှာ သွားကြောင့် ပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သွားနဲ့ အခြား ကျန်းမာရေး ပြဿနာ (ဥပမာ - အရေပြားအနာ၊ ခြေသည်းကုပ်နေတာ) တွေ ရှိမရှိ ဆရာဝန်နဲ့ ပုံမှန်ပြပြီး  စစ်ဆေးသင့်ပါတယ်နော်။

Read more

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးတွေက အိပ်မက်မက်နိုင်လား?

ခွေးလေးတွေ အိပ်နေတုန်းမှာ တွန့်သွားတာ၊ လှုပ်တာ၊ ဒါမှမဟုတ် တိုးတိုးလေးဟောင်တာမျိုး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ အိပ်မက်မက်လို့ ဒီလို ယောင်တာလားဆိုတာ တွ

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ?

“Leash training” ဆိုတာ ခွေးတွေကို လည်ပတ်ကြိုးနဲ့ လမ်းလျှောက်ထွက်ဖို့ သင်ပေးတာကို ခေါ်ပါတယ်။ ဒါဟာ ဘာလို့ လိုအပ်သလဲဆိုတော့ ခွေးတွေက ပုံမှန်လမ်းလျှောက် ထွက်ပေးဖို့ လိုအပ်တာကြ

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစာ (၁၀) မျိုး

ငှက်လေးတွေက နူးညံ့ပြီး သေချာထိန်းသိမ်းရတဲ့ အိမ်မွေးတိလေးတွေပါ။ သူတို့ကိုမွေးဖို့ဆိုရင် ဘာတွေလုပ်သင့်/ မလုပ်သင့်၊ ဘာတွေ ကျွေးသင့်/ မကျွေးသင့် စတာတွေ သေချာသိထားဖိ

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

မဖြစ်မနေ သိထားသင့်တဲ့ ကြောင်လေးတွေရဲ့ အရွယ်နဲ့ ဖွိ့ဖြိုးမှုအဆင့်ဆင့်

ကြောင်လေးတွေဟာ အကောင်သေးသေး အဆော့သန်သန်အရွယ်ကနေ အသက်ကြီးလာတဲ့အထိ ချစ်စရာကောင်းတဲ့ အိမ်မွေးတိလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့တင် ကြီးလာတာကိ